[Unicode]
Chapter (8.1) - မင်းအတွက်ငါ့ရဲ့မွေးနေ့ကိတ်
ဗဟိုဆေးရုံကြီး၏ သုံးလွှာရှိအတွင်းလူနာဌာန၏ လူနာဆောင် နံပါတ်(၇)၊ ည ကိုးနာရီ ငါးဆယ်မိနစ်...။
ယဲ့ချန်တံခါးဖွင့်လိုက်ရာ သူ့ဆီသို့ ရောက်ချလာသော ကောင်လေးသည် စကားတစ်ခွန်းမှမဆိုဘဲ တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေသည်။
သူသည် ဆေးရုံခန်း၏တံခါးကိုသာမက ယဲ့ချန်၏ နှလုံးသားတံခါးကိုပါ ဖွင့်လှစ်လိုက်နိုင်လေပြီ။
သူ့ရဲ့ အတွင်းစိတ်ထဲမှာ ဘယ်လောက်ပဲမိုက်မဲပြီး စိတ်ကြီး၀င်ခဲ့ပါစေ ထုတ်ဖော်ပြသမှာတော့ မဟုတ်ပါချေ။
"မင်း..."
ယဲ့ချန်၏လည်ချောင်း လှုပ်ရှားသွားပြီး မျက်လုံးများကမူ ကောင်လေးသယ်လာသော ကိတ်မုန့်ဘူးလေးဆီ ကျရောက်သွားရသည်။
ကောင်လေး၏ မက်မွန်ပွင့်သဏ္ဌာန်မျက်၀န်းလေးများ ကွေးညွတ်သွားကာ သာမန်လိုပင် ပြောလိုက်သည်။
"ငါ့မွေးနေ့မှာ မင်းနဲ့အတူတူ အချိန်ဖြုန်းချင်လို့... ရမလား..."
ချင်းလောင်သည် ကိတ်မုန့်ကို လူနာဆောင်ထဲ ယူလာပြီး မေမေယဲ့ကို နှုတ်ဆက်လိုက်သည်။
"ဟယ်လိုအန်တီ... ကျွန်တော်က ယဲ့ချန်ရဲ့အတန်းဖော်ပါ။ အန်တီစားပြီးပြီလား။ ကျွန်တော်အန်တီ့အတွက် အော်ဒါမှာခဲ့တယ်။ ခဏနေဆို ရောက်လာမှာပါ"
"အိုက်ယား... ဒီကလေးကတော့ကွယ်..."
မေမေယဲ့သည် ပင်ပန်းနေဟန်ဖြင့် ပြန်ကြည့်လိုက်သည်။ သူမတို့မှာ ဘယ်လိုလုပ် စားသောက်ချင်စိတ်ရှိမှာလဲ။ ဖေဖေယဲ့ဘေးတွင် အဆက်မပြတ်စောင့်ရှောက်ပေးနေရန်လိုအပ်သည်လေ။
သို့သော် ဒီကောင်လေးက စဉ်းစားတွေးခေါ်တတ်ပုံပေါ်သည်။ သူတို့သည် ဖေဖေယဲ့၏ဘေးတွင် အချိန်တိုင်းစောင့်ရှောက်ပေးနေရတာမို့ စားသောက်ချင်စိတ်ရှိလျှင်ပင် ထွက်စားလို့မဖြစ်ပေ။
စားချင်စိတ်မရှိပေမဲ့ ဒီကလေးရဲ့ စေတနာကိုလည်း မငြင်းရက်ပါ။
"အန်တီ... ယဉ်ကျေးနေဖို့မလိုပါဘူး။ ယဲ့ချန်နဲ့ကျွန်တော်က သူငယ်ချင်းကောင်းတွေပါ"
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...