(Unicode)
Chapter (38.2)–နွေးထွေးသော ပွေ့ဖက်မှုကို တောင့်တနေသူပီပီ
ချင်းလောင်သည် သောက်ထားသည့်အရှိန်ဖြင့် စကားသံတွေမပီသတော့ဘဲ ရေချိုးချင်ကြောင်းသာ ညည်းညူနေလေသည်။
သူ့ခန္ဓာကိုယ်ကို ရေပူထဲစိမ်လိုက်ပြီးနောက်မှာတော့ သက်တောင့်သက်သာဖြစ်စွာ သက်ပြင်းချလိုက်သည်။
"နေလို့ကောင်းလိုက်တာ"
system သည် သူ့ host ကို မျက်စိမှေးကာကြည့်ရင်း စိတ်ကျေနပ်ပျော်ရွှင်စွာဖြင့် အလျင်မလိုဘဲ ပြောလိုက်သည်။
"အရင်ကမပြောခဲ့လို့ဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့လေ။ ဒါပေမဲ့ မင်းနဲ့မင်းရဲ့လောင်ကုန်းတို့ restroom ထဲမှာလုပ်(နမ်း)နေကြတာကို record အယူခံလိုက်ရပြီနော်"
"ငါသိသားပဲ"
ချင်းလောင်သည် မျက်၀န်းတို့ကိုပိတ်လိုက်ပြီး bathtub ပေါ် ခေါင်းကိုမှေးတင်ကာ အနားယူသည်။
"အဲဒါ ပိုင်ချွမ်ပဲ"
system လေး ချက်ချင်းနားမလည်နိုင်ပေ။
"မင်းတမင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား။ တစ်ခုခု ကြံနေပြန်ပြီလား"
ချင်းလောင် လက်ညှိုးဆန့်ကာ လှုပ်ယမ်းရင်း system လေးက်ို အမှန်ပြင်ပေးလိုက်သည်။
"ငါဘာမှမလုပ်ခဲ့ပါဘူး။ တစ်ခုခုလုပ်ချင်နေတာက ချိုမြိန်တဲ့အစားထိုးလေးလေ။ မမေ့လိုက်နဲ့။ မူလဇာတ်ကြောင်းထဲမှာ သူဘာလို့ ယန်ဟန့်အောက်မှာနေဖို့ ဆန္ဒရှိတာလဲဆိုတာအတွက် အကြောင်းပြချက်က သူယန်ဟန့်ကို crush နေတာမို့လို့လေ။
အခုယန်ဟန်ကတော့ ငါ့ကိုကြိုက်နေတာမို့လို့ ငါနဲ့တစ်ခုခုလုပ်လိမ့်မယ်လို့ သူထင်သွားပုံရတယ်။ ဟုတ်တယ်မလား။
သနားစရာကောင်းတာက ငါနဲ့ယန်ဟန်က ကျီစယ်နေရုံလေးပဲ။ ငါက အရင်းအမြစ်တွေအတွက် မပြောအပ်တဲ့စည်းမျဉ်းတွေလုပ်ဖို့ ဆန္ဒမရှိဘူးဆိုတာကို သူသဘောမပေါက်သေးတာပဲ။
တစ်ကယ်လို့ ယန်ဟန့်ကို ခြိမ်းခြောက်ဖို့ ဒီ recording ကို သူသုံးမယ်ဆိုရင် အဟင်း အဟင်း ဟင်း..... နောက်ဆုံးရယ်မောရမဲ့သူက ဘယ်သူဖြစ်မလဲနော်..."
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...