163 32 10
(Unicode)
Chapter (36.2)-မင်းစစ်ဆေးနိုင်ဖို့ ငါအားလုံးချွတ်ပြလို့ရတယ်နော်
- ကျင်းယွီ ရှောင်လောင်နာကျင်နေရတာကို မင်းတစ်ကယ် ကြည့်ရက်နိုင်လို့လား။
- ဒါပေမဲ့ သူဒီလိုမှမလုပ်ရင် ရှောင်လောင်က ယန်ဟန့်ကို ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ။
ကျင်းယွီသည် သူ့၀ိုင်ခွက်ကိုချကာ စိတ်ထဲနာကျင်နေသည့်ကြားက ပြောရန်ပြင်လိုက်သော်လည်း တစ်ယောက်ယောက်က ဦးသွားလေသည်။
"ချင်းလောင်လား"
သူမသည် အနုပညာနယ်ပယ်ထဲက ပထမအဆင့်အမျိုးသမီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကျင်းယွီရဲ့ ကုမ္ပဏီလက်အောက်ကပဲဖြစ်သည်။
ကျင်းမိသားစု၏ ပါတီပွဲကို တက်ရောက်နိုင်ခြင်းက သူမ၏ကျော်ကြားမှုကို ပြသနေသည်။ သူမဟာ ဒီနေရာမှာ ချင်းလောင်ကိုတွေ့လိုက်ရတာကြောင့် အံ့အားသင့်နေသည်။
သို့သော် နူးညံ့သိမ်မွေ့ပုံရသော မိတ်ကပ်အပြင်အဆင်အောက်၌ သူမသည် ပြန်လှည့်ထွက်မသွားခင်အထိ ချင်းလောင်နှင့်ကျင်းယွီကို အမူအရာမပျက် ပြောဆိုနိုင်လေသည်။
ထိုအမျိုးသမီးသရုပ်ဆောင်က သူ့ကိုဘယ်လိုကြည့်သွားလဲဆိုတာ ချင်းလောင်ကတော့ ဂရုမစိုက်ပါ။
သူမဟာ ကျင်းယွီက သူ့ကိုဂရုစိုက်တာမို့ ဒီလိုပွဲကို တက်ရောက်ခွင့်ပေးသည်ဟု တွေးသွားပုံရသည်။ သို့မဟုတ် သူ့ရဲ့နောက်ခံက မသေးငယ်ဘဲ ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသား ဒါမှမဟုတ်ရင်လည်း တခြားတစ်ခုခု ဖြစ်နိုင်သည်လို့လည်း တွေးသွားနိုင်သည်။ ကိစ္စမရှိ။
ချင်းလောင်ရဲ့ လက်ရှိအတွေးကတော့ ယန်ဟန့်ဆီက စာတိုဆီမှာသာ ဝေ့လည်နေသည်။
အမျိုးသမီးထွက်သွားပြီးနောက် ချင်းလောင်လည်း ဆက်ထိုင်မနေတော့ပေ။ ချင်းဖုန်းကိုပြောပြီးနောက် သူပြန်ခဲ့သည်။
မည်သို့ဆိုစေ ကျင်းယွီက ပွဲကျင်းပသည့် အိမ်ရှင်မိသားစုမို့ ချင်းဖုန်းက 'သူ့ညီလေးအရမ်းမူးနေပြီမို့ အနားယူနိုင်ရန် ပြန်ခိုင်းလိုက်ပြီဖြစ်ကြောင်း' ပြောလိုက်သေးသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora