(Unicode)
Chapter (44.2)–ပိုင်ယွဲ့ရဲ့ ID အစစ်အမှန်
"မင်းကပိုင်ယွဲ့ပဲ..."
ဒါက အတည်ပြုချက်တစ်ခုပင်။
ချင်းလောင် မျက်လုံးပြူးသွားပြီး အတည်ပြုနိုင်ရန်အတွက် သူ့ဘေးကယန်ဟန်ကို ချက်ချင်းမော့ကြည့်လိုက်မိသည်။ အဲဒီ့နောက် ဆိုဖာပေါ်ထိုင်နေသည့်လူကို ပြန်လှည့်ကြည့်လိုက်သည်။
"မင်း... မင်းက... သေပြီမဟုတ်...."ပိုင်ယွဲ့ မသိမသာလေးနှာမှုတ်လိုက်ပေမဲ့ ချင်းလောင်ကို ပြန်မဖြေပေ။ အဲဒီ့အစား သူ့ကို အေးစက်စက်ကြည့်နေသည့် ယန်ဟန်ကိုသာ ကြည့်နေသည်။
သူ့အကြည့်တွေက တောက်ပနေပြီး စိတ္တဇဆန်လှသည်။
"ယန်ဟန်... အချိန်တွေ ကြာခဲ့ပြီနော်... ငါးနှစ်တောင်မှ... မင်းငါ့ကို လွမ်းရဲ့လား..."
ယန်ဟန်သည် နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားပြီး တစ်လုံးမှ ပြန်မပြောပေ။
တံခါးက တဖန်ပွင့်သွားပြန်သည်။ အိတ်တစ်အိတ်ကို ယူလာသောလူသည် ပြန်ထွက်မသွားခင် သူယူလာသောအိတ်ကို ကော်ဖီစားပွဲပေါ် တင်ထားခဲ့သည်။
ချင်းလောင် အသက်ရှူသံတို့ ခဏရပ်သွားရပြီး အဲဒါက စက်ရုံဟောင်းမှာ ပြန်ပေးသမားတွေ ၀ယ်လာခဲ့တဲ့ဟာဆိုတာ သူခံစားမိနေသည်။
ယန်ဟန်ပြန်မဖြေပေမဲ့လည်း ပိုင်ယွဲ့ကတော့ စိတ်ပျက်မသွားပေ။ သူသည် ဝိုင်ခွက်ကိုင်ထားသော သူ့ဘေးက လူထွားကြီးတစ်ယောက်ဆီ လက်ပြလိုက်ရာ သူ့ရှေ့ကို ပို့ဆောင်ပေးလာသည်။
ပိုင်ယွဲ့သည် စိတ်ပျော်နေဟန်ဖြင့် သီချင်းစာသားတိုလေးတစ်ခုကိုပင် ညည်းနေလေသည်။
အဲဒီ့နောက် ဖျတ်ခနဲပင် ပလတ်စတစ်အိတ်ထဲမှ ပုလင်းသေးသေးလေးတစ်လုံးကို အသာယူလိုက်သည်။
ပုလင်းထဲတွင် ဆေးနှစ်လုံးရှိနေပြီး ကြည့်ရတာ လုံး၀ကောင်းမည့်ဟာတွေမဟုတ်နိုင်ပေ။
ဆေးတွေကို ဝိုင်ခွက်ထဲ ထည့်လိုက်ချိန်မှာတော့ ထွက်လာသည့် 'ဖျစ်ဖျစ်' အသံတွေက မတိုးသလို အရမ်းလည်းမကျယ်လှပေ။
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...