156 31 4
(Unicode)
Chapter (32.2)—ဇနီးလေးအန္တရာယ်ရှိချိန်မှာအသင့်ဖြစ်နေပါစေ။
ယန်ဟန်က သူ့လက်ကိုဆွဲကာ ခေါ်လာတာကြောင့် ချင်းလောင် တောင့်တင်းသွားသည်။
ခြံဝင်းတံခါးမှ ထွက်လာပြီးနောက် သူအနည်းငယ် ရုန်းကန်လိုက်တော့ ယန်ဟန်သတိထားမိသွားပြီး ချက်ချင်းဆိုသလို သူ့ကို လွှတ်ပေးလိုက်သည်။
ထုံးစံအတိုင်းပင်။ သူ့လုပ်ရပ်တွေမှာ အပြစ်အနာအဆာ မရှိနေပါချေ။
နှစ်ယောက်သား တိတ်တဆိတ် ဆက်လျှောက်သွားကြသည်။ ဘယ်ကိုသွားရမလဲ။ ဘာလုပ်ရမှန်းလဲ မသိပါ။
ဒါက really show တစ်ခုမို့ နှစ်ဦးကြား ဆက်သွယ်ပြောဆိုရန် လိုအပ်ကြောင်း ကင်မရာသမားလေး မပြောမချင်း သူတို့ နှုတ်ဆိတ်နေခဲ့ကြသည်။
မဟုတ်ပါက ပရိသတ်မြင်ရမယ့် မြင်ကွင်းက အရမ်းပျင်းဖို့ကောင်းနေလိမ့်မည်။
ဒါကိုကြားပြီးနောက် ချင်းလောင် ရပ်လိုက်ပြီး ယန်ဟန့်ကိုပြောလိုက်သည်။
"အကြာကြီး လမ်းလျှောက်ပြီးမှ ငါတို့ မစဉ်းစားမိတဲ့ ပြဿနာကြီးတစ်ခု ရှိနေတယ်လို့ တွေးမိလာတယ်"
ယန်ဟန်က သူ့ကိုလှမ်းကြည့်ကာ ဆက်ပြောမည်ကို စောင့်နေသည်။
"ငါတို့တွေ လမ်းမသိတဲ့ပုံပဲနော်။ ဒီတော့... ငါတို့ ထမင်းဖြူယူရမဲ့ အန်တီဝမ်ရဲ့ အိမ်က ဘယ်နားမှာ ရှိ‌လောက်မလဲ"
ချင်းလောင်သည် အနည်းငယ် စိတ်ရှုပ်နေဟန်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ရွာသားတွေကိုလည်း မတွေ့ဘူး"
ယန်ဟန် ခဏ‌လောက်စဥ်းစားပြီး ပြောလိုက်သည်။
"ငါတို့ လာခဲ့တဲ့လမ်းကို မှတ်မိလား။ ရွာနားမှာ မြစ်ငယ်လေးတစ်စင်းရှိတယ်လေ။ ငါးရှိမရှိ သွားကြည့်ရအောင်"
ချင်းလောင်သည် နောက်လှည့်ကာ ပြန်လျှောက်လာရင်း ပြောလိုက်သည်။
"ငါက အမြဲတမ်း ကံမကောင်းတတ်ဘူးဆိုပေမဲ့ အဲဒီ့မှာ ငါးမရှိဘူးလို့တော့ မထင်ဘူး"
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now