(Unicode)
TN/ သီတင်းကျွတ်ပွဲတော်ရက်ထဲ များများတင်ပေးချင်လို့ အသည်းအသန်ပြန်နေတယ်။ လပြည့်နေ့ညကျရင် (အပိုင်းပြည့်) ဘယ်နပိုင်းဖတ်ချင်လဲ။
Chapter (32.1)-ဇနီးလေးအတွက်စပျစ်သီးခွာပေးမယ်
အထူးဧည့်သည်တော်အဖြစ် ယန်ဟန်ပါ၀င်တာကြောင့် သူတို့တစ်တွေ ဘာမှမလုပ်လျှင်ပင် rating က ပေါက်ကွဲထွက်လောက်အောင် မိုးထိုးတက်သွားဦးမည်ဖြစ်သည်။
ချင်းလောင်မျက်မှောင်ကြုပ်လိုက်သည်။
ချင်းလောင်သည် မျက်လုံးများကို မှေးကြည့်လိုက်သည်။ ကြယ်များ၀န်းရံထားခြင်းခံရသည့် လမင်းကဲ့သို့ အနုပညာရှင်များအကြား တောက်ပနေသည့် ယန်ဟန့်ကို တိုက်ရိုက် စိုက်ကြည့်မနေချင်တော့ပါ။
သူက ပေါ်လွင်ချင်သူမဟုတ်တာကြောင့်နှုတ်ခမ်းကို တွန့်လိုက်ပြီး လူစုလူဝေးမှ ဝေးရာဘက်သို့ ပြောင်းရွှေ့လိုက်သည်။
ယန်ဟန်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့်အဖွဲ့ခေါင်းဆောင်နှင့် လက်ဆွဲနှုတ်ဆက်ပြီး သူ့ကိုလာရောက်ဖို့ ဖိတ်ခေါ်သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
နောက်ဆုံးတော့ သူ့မျက်လုံးများက ချင်းလောင်ဆီမှာ ကျောက်ချသွားခဲ့ပြီး တတ်နိုင်သမျှ အသိမ်မွေ့ဆုံးလေသံဖြင့် သူမေးလိုက်သည်။
"မင်းနာနေသေးလား"
ချင်းလောင်၏ နှလုံးခုန်သံသည် တဖန်တုန်ခါမြည်ဟည်းသွားပြန်သည်။ စိတ်ကိုငြိမ်သက်အောင် ကြိုးစားလိုက်ပြီးနောက် သူ့ရဲ့စိတ်ကို မငြိမ်သက်အောင် ပြုလုပ်နေသော ထိုမျက်၀န်းများနှင့် ရင်ဆိုင်လိုက်သည်။
"ကောင်းသွားပါပြီ။ ကျေးဇူးတင်ပါတယ်"
အများအမြင်တွင် ယန်ဟန်နှင့် ချင်းလောင်တို့က အသိအကျွမ်းဟောင်းတွေဖြစ်သည်။ ချင်းလောင် ဒဏ်ရာရသွားတုန်းကလည်း ယန်ဟန်က သတင်းမေးလာခဲ့သည်။
ဒါကြောင့် ဒီအချိန်မှာ ယန်ဟန်မေးလိုက်တဲ့အခါ အားလုံးက ဘာမှ ထူးဆန်းတာမျိုး မတွေးခဲ့ကြပါချေ။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...