(31.2)အလှတရားကြောင့်ဆွဲဆောင်ခံလိုက်ရ/အလွတရားေၾကာင့္ဆြဲေဆာင္ခံလိုက္ရ

199 42 7
                                    

(Unicode)

Chapter (31.2)– အလှတရားကြောင့် ထပ်ပြီးဆွဲဆောင်ခံလိုက်ရ...

"တင်း... တောင်..."

ယန်ဟန့်ဆီက စာတိုကိုလက်ခံရရှိချိန်၌ ချင်းလောင်တစ်ယောက် အိမ်ပြန်ရောက်နေပြီဖြစ်သည်။

ယန်ဟန်: ငါတောင်းပန်ပါတယ်။ ဒီမနက် အချိန်ပိုဆင်းနေရလို့ပါ။ မင်း အခုလောက်ဆို C မြို့ကို ပြန်ရောက်နေပြီလား။

ချင်းလောင်ပြုံးလိုက်သည်။

စာတိုကိုဖွင့်လိုက်ပြီး‌နောက် ယန်ဟန်ပို့လိုက်သည့်စာ၏ အပေါ်မှာတော့ သူပို့ထားခဲ့သော စာတွေရှိနေခဲ့သည်။

အဲဒါကတော့ ထိုညတုန်းက ညစာအတူစားရန် ချင်းလောင် သူ့ဆီ ပို့ခဲ့တာဖြစ်သည်။ ကျန်သည့် စာတိုတွေအားလုံးဟာလည်း screen ၏ ညာဘက်ခြမ်းမှာသာဖြစ်ပြီး တစ်ခုတစ်လေသော်မှ ပြန်စာကို မရရှိထားပေ။

ချင်းလောင်သည် ဖုန်းကိုဆိုဖာပေါ် ပစ်တင်လိုက်ပြီး ဘယ်လိုတုံ့ပြန်မှုကိုမှ မစောင့်တော့ပေ။

အိပ်ခန်းထဲ၀င်ကာ အ၀တ်အစားလဲပြီးနောက်မှ သူ့ဖုန်းကိုယူလိုက်သည်။ ထပ်ပို့ထားသော စာတိုအသစ်တစ်စောင်မှမရှိသော်လည်း လွဲချော်သွားခဲ့သော ခေါ်ဆိုမှုတစ်ခုတော့ ရှိနေခဲ့သည်။

အဲဒါကလည်း ယန်ဟန့်ဆီကပင် ဖြစ်သည်။ ချင်းလောင်ကတော့ လျစ်လျူရှုထားဆဲပင်။ ဖုန်းပြန်ခေါ်မည့်အစား 'မိဘတွေကို အဖော်ပြုရန် အိမ်ကိုနှစ်ရက်လောက် ပြန်လာချင်သည့်အကြောင်း' ချင်းဖုန်းဆီ စာပို့လိုက်သည်။

စာရိုက်တာ ပြီးသွားပြီမို့ ဖုန်းကို‌ ဘေးချထားလိုက်ပြီဖြစ်ကြောင်း system လေးမြင်ပြီး‌နောက် မနေနိုင်ဘဲ မေးလိုက်သည်။

"မင်း ဖုန်းပြန်မခေါ်ဘူးလား"

ချင်းလောင် : "ဒါကို... တစ်ဘက်မှာ ဖမ်းဆုပ်နိုင်ဖို့ တစ်ဘက်ကို လက်လွှတ်ပေးရမယ်... လို့ခေါ်တယ်။ နားလည်လား"

System: "....." နောက်ထပ် လှည့်စားမှုပေါ့လေ...။

---------------------

ချင်းလောင်သည် မိဘအိမ်မှာ ခဏလောက် အနားယူခဲ့သည်။ ကွာရှင်းခြင်းနှင့် show ၌ ဒဏ်ရာရခြင်းတို့ကြောင့် လူကြီးနှစ်ယောက်ဆီမှ အချိန်အတော်ကြာ နားပူနားဆာလုပ်ခြင်းကိုလည်း ခံလိုက်ရသေးသည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now