(16.1)အရာအားလုံးက သူ့ကြောင့်ပဲ.../အရာအားလံုးက သူ႔ေၾကာင့္ပဲ...

456 66 10
                                    

(Unicode)

Chapter (16.1) အရာအားလုံးက သူ့ကြောင့်ပဲ...

"သူအပူရှပ်သွားတာပါ"

ကျောင်းဆရာ၀န်သည် ချင်းလောင်၏ လက်ခုံကိုပိုးသတ်ပြီး ဆေးထိုးအပ်ကို အပြာရောင် သွေးကြောထဲသို့ ထိုးသွင်းလိုက်သည်။

"စစ်ရေးလေ့ကျင့်မှုမစသေးတာတောင် လူတော်တောများများ အပူရှပ်နေကြပြီ။ မင်းကတော့ ဒီနေ့အတွက် အဆိုးဆုံးလူပေါ့လေ။ တစ်ကိုယ်လုံး ပူခြစ်နေတာပဲ။ နေပူထဲပြေးလွှားနေရလောက်အောင် အရေးကြီးတဲ့ကိစ္စမျိုးရှိလို့လား။ မင်းဒီနေ့တစ်နေ့လုံး အပြင်မှာဘယ်လောက်တောင် အချိန်ဖြုန်းခဲ့မိလဲဆိုတာသိရဲ့လား။ မင်းက ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ မသိဘူးပဲ"

ချင်းလောင်၏မျက်နှာဖြူဖျော့နေပြီး ခေါင်းကြီးငုံ့ထားကာ ဘာမှပြန်မပြောပေ။

ဆရာ၀န်သည် သူ့ကို IV drip ချိတ်ပေးပြီးနောက် ထွက်သွားတာမို့ ချင်းလောင်နှင့် ယဲ့ချန်သာ အခန်းထဲမှာ ကျန်နေခဲ့သည်။

"ဒီနေ့..."

ချင်းလောင်ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူ့လက်သည်းတွေကို ကုတ်ခြစ်နေသည်။

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်သည် သူ့ရှေ့ကကောင်လေး၏ အကျင့်ပါနေသော လှုပ်ရှားမှုလေးကိုကြည့်ပြီး လက်ပိုက်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"ရပါတယ်..."

ချင်းလောင်သည် ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းလွှာများကို ဖွင့်ဟရင်း လက်ငါးချောင်းကို ဆုပ်လိုက်သည်။

သူ့ကိုယ်သူ ဘယ်လိုဖြစ်သွားမှန်းလဲ မသိဝောာ့။ မရည်ရွယ်ပါဘဲ အကြောင်းအရာတွေ ထုတ်ပြောမိသွားသည်။

"ဒီနေ့ငါ ချန်းကျစ်ယွီနဲ့ဆုံခဲ့တယ်။ သူနဲ့အဆောင်တစ်ခန်းထဲ ကျနေတာမို့ counselor ဆီသွားပြီး အခန်းပြောင်းခိုင်းရတယ်။ ကျောင်း၀င်းက အရမ်းကျယ်လွန်းဝောာ့ အပြင်နေပူထဲ အကြာကြီးနေခဲ့မိတာ..."

"အိုး... အဲဒီ့တော့ ငါက ဘာလုပ်ရမှာလဲ"

စိတ်အနှောင့်အယှက်ဖြစ်နေသည့် အလင်းတန်းလေးတစ်ခုက ယဲ့ချန်၏မျက်၀န်းထဲ ဖြတ်ပြေးသွားသည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now