[Unicode]
Arc 1 - The Prince and the Frog
(မင်းသားလေးနဲ့ဖား)Chapter (1.1) – system နှစ်ခုနဲ့ ချိတ်မိသွားတဲ့ host
"ကမ္ဘာပေါ်က ရှိရှိသမျှ ယောက်ျားလေးတွေ အကုန်သေသွားရင်ဝောာင် နင့်လိုလူမျိုးကိုတော့ ငါကြိုက်လာမှာမဟုတ်ဘူး"
"ဆိုးရွားပြီး အထက်စီးဆန်ရုံမက ကလိမ်ကကျစ်ကျတတ်ပြီး စိတ်ထားကလည်း သေးသိမ်သေး၊ အောက်တန်းကျပြီး အပြောကလည်းရိုင်းသေးတယ်။ နင့်မှာကောင်းတဲ့အချက်လေး တစ်ခုဝောာင်မရှိဘူး။ ငါကကန်းနေတဲ့သူမို့လို့လား"
"ငါနင့်ကိုဝောာင်းပန်ပါတယ်။ ငါ့ကိုအလွတ်ပေးစမ်းပါ။ နေ့တိုင်းလိုက်နှောင့်ယှက်ရလောက်အောင် နင်တော်တော် မျက်နှာပြောင်တိုက်ရဲတာပဲ"
"ငါဒီနေ့နင့်ကို အပြတ်ပြောလိုက်မယ်။ ငါ... ဟန်ဟန်... နင့်ကိုမကြိုက်တင်ရုံမကဘူး အရမ်းလည်းမုန်းတယ်"
-------
"ဟဟဟ... ဒီနေ့ ချင်းလောင်ရဲ့မျက်နှာကဝောာ့ ရစရာကိုမရှိတော့ဘူးဟေ့။ ကျောင်းရဲ့အလှပန်းလေး'ဟန်ဟန်' ကိုမှ သွားရှုပ်ရဲတယ်တဲ့..."
"ဟေး... ငါတစ်ကယ်နားမလည်တာ။ သူ့ဘေးမှာ သူ့မိသားစုအပြင် ဘယ်သူတွေများရှိသေးလို့လဲ။ သူ၀တာက ၀က်တစ်ကောင်လိုပဲ။ အဆင့်ဆိုရင်လည်း ဘိတ်ချီးနေရာမှာ။ စရိုက်ကလည်းဆိုးရွားချက်။ သာမန်မိန်းကလေးတွေတောင် သူ့ကိုကြိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဟုတ်ပါ့... ဖားပြုပ်က ငန်းသားစားချင်နေတာပဲ ဟဟဟ"
ပျက်ရယ်ပြုလှောင်ရယ်နေပြီး ထေ့ငေါ့သော စကားလုံးများက သူ့နားထဲသို့ ၀င်ရောက်လာကာ ကျိန်စာတစ်ခုလို သူ့ခေါင်းအား ထုရိုက်နေသည့်နှယ်။ မူးဝေကာနာကျင်နေလေသည်။
"အာ့..."
ချင်းလောင်မျက်စိဖွင့်လိုက်တော့ အဖြူရောင်မျက်နှာကြက်ကို တွေ့လိုက်ရသည်။
"ကလေး... ကလေး နိုးပြီလား"
ချိုသာသော အမျိုးသမီးတစ်ယောက်အသံက သူ့အိပ်ရာဘေးကနေ ထွက်ပေါ်လာခဲ့သည်။ သူမတွင် ဘဲဥပုံမျက်နှာရှိပြီး အသားဖြူကာ လည်တိုင်ကျော့ကျော့လေးမှာလည်း ပန်းရောင်ပုလဲဘယက်တစ်ခုကို ၀တ်ဆင်ထားသည်။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...