141 28 12
(Unicode)
Chapter (33.2)-ခင်ပွန်းဟောင်း၏ သားရဲဆန်သောအနမ်း
အဖွဲ့သားများသည် နေ့လည်စာစားပြီးနောက် ပန်းကန်တွေ ကူဆေးပေးကြပြီးမှ သူတို့အခန်းတွေဆီ ပြန်သွားကြသည်။ နေ့လည်မှာ အနားယူချိန် တစ်နာရီရသည်လေ။
ကင်မရာသမား အခန်းထဲက ထွက်သွားပြီးနောက် ချင်းလောင်သည် ယန်ဟန့်ကို ထုံထိုင်းသောမျက်နှာပေးဖြင့် ကြည့်လိုက်ပြီး ယန်ဟန်ကလည်း သူ့ကိုပြန်ကြည့်လာသည်။
"ယန်ဟန်... မင်း..."
ချင်းလောင် စပြောပြောချင်းမှာပဲ ယန်ဟန့်ထံမှ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခြင်းခံလိုက်ရသည်။
သူအနည်းငယ် ထိတ်လန့်ပြီး ရုန်းကန်မိသည်။
"မင်း... မင်း... ငါ့ကိုလွှတ်..."
ယန်ဟန် မလွှတ်ပေးပါချေ။ သူသည် ချင်းလောင်၏ပခုံးပေါ် ခေါင်းတင်ကာ ထမင်းစားဝိုင်းမှာတုန်းက ပြောခဲ့သောစကားကို ထပ်ပြောလိုက်သည်။
"ချင်းလောင်... မင်းချက်တဲ့ဟင်းတွေက တစ်ကယ်အရသာရှိတယ်။ ကိုယ်အခုမှ ကောင်းကောင်း မြည်းစမ်းမိလို့ တောင်းပန်ပါတယ်နော်..."
ချင်းလောင် ရုန်းကန်နေတာရပ်သွားပြီး လည်ချောင်းထဲမှတစ်စုံတစ်ရာကြောင့် မွန်းကျပ်သွားပုံပေါ်သည်။ သူ့အသံကလည်း အက်ကွဲကာအားနည်းလာသည်။
"ယန်ဟန်... တစ်ကယ်တမ်း မင်းဘာလိုချင်တာလဲ။ ငါတောင်းဆိုတဲ့အတိုင်း မင်းလက်ခံပြီး အဆင်သင့်လေး ကွာရှင်းခဲ့ပြီးပြီမဟုတ်လား။ မင်းအခု ဘာများလုပ်ချင်နေရသေးတာလဲ"
ယန်ဟန်သူ့ကို ဖက်ထားရာမှ လွှတ်ပေးလိုက်ကာ ပခုံးကို ဆုပ်ကိုင်ထားပြီး စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"အဲဒီ့လို အပေးအယူဆန်တဲ့ လက်ထပ်ပွဲတစ်ခုက မင်းနဲ့ကိုယ့်အတွက် လှောင်အိမ်တစ်ခုလိုပဲ။ အဲဒီ့လှောင်အိမ်ထဲကနေ ထွက်နိုင်တဲ့အချိန်မှသာကိုယ်တို့တစ်ကယ်အတူတူ ပြန်စတင်နိုင်မှာလေ။ ချင်းလောင်... နောက်ဆုံးတစ်ကြိမ်ဆေးရုံမှာတုန်းက ကိုယ်ပြောခဲ့တာ တစ်ကယ်လေးလေးနက်နက်နဲ့ပါ"
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now