(11.1)ရေအတူတူချိုးရအောင်/‌ေရအတူတူခ်ိဳးရေအာင္

236 42 2
                                    

[Unicode]

Chapter (11.1) – ရေအတူတူချိုးရအောင်

K မြို့တော်...
‌မြို့၏တောင်ဘက်ရှိ သီးသန့်အိမ်တော်တစ်ခုတွင် ပါတီပွဲကျင်းပနေသည်။ အကြောင်းရင်းကတော့ ဖန်းမိသားစု၏ ၁၈ နှစ်ကျော်လောက် ပျောက်ဆုံးနေခဲ့သော အကြီးဆုံးသခင်လေးကို ပြန်ရှာ‌‌‌‌တွေ့ခဲ့တာကြောင့်ဖြစ်သည်။

ဖန်းမိသားစုသည် မိသားစုငယ်လေးတစ်ခုတော့ မဟုတ်ပေ။ လွန်ခဲ့သည့် ၁၈ နှစ်ကတည်းက ချင်းမိသားစုနှင့် ခြေရာတိုင်းနိုင်လောက်အောင် ချမ်းသာခဲ့သည်ဟု ပြောနိုင်သည်။

သို့သော် အဲဒီ့နောက်ပိုင်း ပျောက်ကွယ်သွားကြပြီး နိုင်ငံခြားထွက်သွားကြပုံပေါ်သည်။ အဲဒီ့နောက် လွန်ခဲ့သော ငါးနှစ်က ရုတ်တရက် K မြို့ဝောာ်ဆီ ထိုးဖောက်၀င်ရောက်လာခဲ့သည်။

အခုဆိုလျှင် သူတို့မှာ စက်မှုလုပ်ငန်းအင်ပါယာတစ်ခုပင် ပိုင်ဆိုင်နေလေပြီ။ ဖန်းမိသားစုဟာ အရင်တုန်းက ဖန်းမိသားစုနှင့်ပင် မတူညီတော့ပေ။

ဒီအချိန်မှာတော့ အနက်ရောင် အနောက်တိုင်း၀တ်စုံကို ၀တ်ထားသော ချင်းလောင်‌တစ်ယောက် အနောက်ဘက်ဥယျာဥ်ဆီသို့ ယဲ့ချန်၏ ဆွဲခေါ်သွားခြင်းကိုခံနေရလေသည်။

ချင်းလောင်သည် ဘေးပတ်၀န်းကျင်ကိုကြည့်ကာ အနည်းငယ်အိပ်မက်ဆန်ဆန် ခံစားနေရပုံရသည်။

"သခင်လေးချန်တဲ့လား..."

ယဲ့ချန်သည် သွားဖြူဖြူလေးများပေါ်သည်အထိ ရယ်မောလိုက်သည်။

"သခင်လေးချင်း... ငါ မင်းကိုမတွေ့ရတာ နည်းနည်းတောင်ကြာပြီ။ နေကောင်းတယ်နော်..."

"အိုး... ဘုရားရေ..."

ချင်းလောင် ဆွံ့အသွားရလေပြီ။ သူ့အမူအရာက ယဲ့ချန်ထက်ပင် စိတ်လှုပ်ရှားနေပုံပေါ်သည်။

"ငါမမျှော်လင့်ထားခဲ့ဘူး။ ဘာလို့များ အိပ်မက်တစ်ခုလို ခံစားနေရတာလဲ။ မင်းကိုယ်မင်းကြည့်စမ်း။ ဒေဝါလီခံရပြီး ဆင်းရဲနေတဲ့ကောင်လေးကနေ ရုတ်တရက်ကြီး သခင်ငယ်လေးတစ်ယောက် ဖြစ်သွားတာပဲ။ နှစ်နှစ်လောက် ဆင်းဆင်းရဲရဲနေခဲ့ရပေမဲ့ မိဘရင်းတွေနဲ့‌ ပြန်တွေ့ပြီးတော့ မင်းသားငယ်လေးဖြစ်သွားပြီ။ အား... ငါမယုံနိုင်သေးဘူး။ ၀တ္တုတစ်ပုဒ်လိုပဲ။ မင်းရဲ့မိဘတွေက ဘယ်မှာလဲ။ ငါပြောချင်တာ... မင်းရဲ့မွေးစားမိဘတွေ... သူတို့..."
 
"သူတို့လည်း ငါ့မိဘတွေပါပဲ"

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationTempat cerita menjadi hidup. Temukan sekarang