(Unicode)
Chapter (45.1)–မင်းက တစ်ကယ်ကို အမြင်မရှိတဲ့လူကြီး
system ၏ အချိန်မီကာကွယ်ပေးမှုကြောင့် နောက်ဆုံးတော့ ယန်ဟန် နေပြန်ကောင်းလာခဲ့သည်။
တစ်လျှောက်လုံး ချင်းလောင်ဟာ ယန်ဟန့်ဘေးမှာသာ နေနေခဲ့သည်။
ဒီတစ်ကြိမ်တော့ ချင်းဖုန်းလည်း ချင်းလောင်ကို ယန်ဟန့်ဆီမှ ခွဲထုတ်ရန် မကြိုးစားတော့ပေ။ သို့သော် ကိုယ့်ကိုယ်ကို ဂရုစိုက်ရန်တော့ အချိန်တိုင်း သတိပေးနေသည်။
ကျင်းယွီတောင်းပန်ဖို့လာပေမဲ့ ချင်းလောင်က နည်းနည်းကလေးပင် အကောင်းအဆိုးမပြောဘဲ ဥပေက္ခာပြုထားသည်။
အမေယန်ကလည်း နေ့တိုင်း အစားအသောက်တွေ ၀ယ်လာပြီး ချင်းလောင်ကို စားဖို့တိုက်တွန်းတတ်သည်။
သို့သော် သူ့မျက်လုံးထဲမှာတော့ ယန်ဟန်၏ ဖြူဖျော့သောမျက်နှာနှင့် စေ့ပိတ်သွားခဲ့သည့် မျက်၀န်းများသာ ကြီးစိုးနေခဲ့သည်။ဒါက သူ့ကမ္ဘာကြီးပင်......
-------------
သုံးရက်ကြာပြီးနောက်...
နောက်ဆုံးတော့ ယန်ဟန်သတိရလာခဲ့သည်။ ချင်းလောင်လည်း ၀မ်းနည်း၀မ်းသာဖြင့် သူ့ကို ပြေးဖက်ခဲ့သည်။
ဒီနေ့နေရောင်က နွေးထွေးနေပြီး ဆောင်းလေအေးကို အနည်းငယ်ညင်သာလာအောင် ပြုလုပ်ပေးနေသည်။
"မင်းက တစ်ကယ်ကို အမြင်မရှိတဲ့လူကြီး..."
ချင်းလောင်သည် ယန်ဟန်အတွက် ပန်းသီးအခွံခွာနေရင်း ကုတင်ပေါ်မှလူကို ဘာမပြောညာမပြောဖြင့် ဗြုန်းစားကြီး အပြစ်ပြောလာသည်။
"ဟုတ်တယ်... အမှန်ပဲ"
ယန်ဟန်က အပြုံးလေးဖြင့် ထောက်ခံသည်။
"ဘာလို့အရင်တုန်းက ပိုင်ယွဲ့ကို သဘောကျခဲ့မိတာလဲဆိုတာ ကိုယ်တစ်ကယ်နားမလည်နိုင်ဘူး။ ကိုယ့်ပေါင်ပေ့က ဘယ်လောက်တောင် ကောင်းတယ်ဆိုတာကိုလည်း မမြင်ခဲ့ဘူး။ ကိုယ်ကတစ်ကယ်ကို အမြင်မရှိတာပါ"
"ဟမ့်..."
ချင်းလောင်၏နှုတ်ခမ်းထောင့်စွန်းလေးများ တိတ်တဆိတ် တွန့်ကွေးသွားသည်။
KAMU SEDANG MEMBACA
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomansaDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...