(Unicode)
Chapter (41.1)-မင်းငါ့ကိုမချစ်ဘူးဆိုရင်
"မိုက်ချက်ပဲ..."
ချင်းလောင်သည် သူ့ကိုယ်သူ စိတ်ရင်းဖြင့် ချီးကျူးလိုက်ပြီးနောက် အောက်နှုတ်ခမ်းကိုထော်ကာ နဖူးပေါ်မှဆံပင်တွေကို လေမှုတ်လိုက်သည်။
သူက ကားနောက်ခန်းထဲတွင် ခေါင်းငုံ့လျက်ထိုင်နေတာမို့ ကားဆရာက သူ့မျက်နှာနှင့် သူလုပ်လိုက်သော အမူအရာကို မမြင်နိုင်ပေ။
ဒီအချိန်မှာ ချင်းလောင်တစ်ယောက် system လေးကို လက်စားချေခံရသည့် ခံစားချက်အကြောင်း မျှဝေချင်မိသည်။
သို့သော် system နှင့် ဘယ်လိုမျိုး ဆက်သွယ်မှုယာယီပြတ်တောက်သွားတယ်ဆိုတာ ပြန်တွေးမိချိန်မှာတော့ သူ့အရှေ့က ကားဆရာမြင်စေဖို့ ၀မ်းနည်းဟန်သာ ဆက်လုပ်နေလိုက်သည်။
သူ့ရှေ့မှာရှိတဲ့ ဒီလိုသာမန်လူတွေရှေ့မှာ ဇာတ်ကောင် OOC ဖြစ်မှာ ကြောက်ဖို့မလိုပေ။
သို့သော်လည်း ဒီကမ္ဘာလောကကြီးထဲက ဘယ်သူ့ရှေ့မှာမှ သူ OOC မဖြစ်ချင်ပါ။
ယေဘုယျအားဖြင့် OOC ဖြစ်မဖြစ်ဆိုတာကို မူလချင်းလောင်ကို သေသေချာချာသိတဲ့ သူ့ရဲ့ပတ်၀န်းကျင်ကလူတွေက အဆုံးအဖြတ်ပေးတာဖြစ်သည်။
သို့သော်လည်း 'လိပ်ပြာတောင်ပံခတ်သံရဲ့ အကျိုးသက်ရောက်မှု' ဆိုတာလည်း ရှိသည်မလား။
သူကကြယ်ပွင့်တစ်ယောက်ဖြစ်သည်မို့ အခုအချိန်မှာ taxi ထဲမှာ ထိုင်နေတာဆိုပေမဲ့ အသက်ပင်မရှူနိုင်လောက်အောင် နှလုံးသားလေးကိုက်ခဲနေဟန် ဆက်ပြီးသရုပ်နေသည်။
အကယ်၍ ကားဆရာက သူ့ကိုမှတ်မိသွားပြီး online ပေါ်တင်လိုက်ပါက ယန်ဟန်မြင်သွားချိန်၌ ခြေနှစ်ချောင်းကိုချိတ်ပြီး သီချင်းဆိုနေတဲ့ပုံစံမျိုး မဖြစ်စေချင်ပေ။
system လေး သူ့ကိုပေးခဲ့သည့် 'အကြံသမားခွေးကောင်' ဆိုသည့် title အတိုင်း နေရဦးမည်ပင်။ ချင်းလောင်သည် ပုံလေးတစ်ပုံကြောင့် အရာအားလုံးပျက်စီးစေဖို့ ခွင့်ပြုမည်မဟုတ်။
သူက မူလပိုင်ရှင်၏နေရာကနေ သူ့ဘ၀ပုံစံအတိုင်း ရှင်သန်နေရသူဖြစ်သည်။ သူအယုံကြည်ရဆုံး အစ်ကိုကြီးက လရောင်ဖြူလေး သေဆုံးခဲ့သည့်ကိစ္စကို ဖုံးကွယ်ထားခဲ့သည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...