(Unicode)
Chapter (34.2)-ဇနီးလေးရဲ့ဖုန်းscreenပေါ်ကငါ့ရဲ့ပုံ
ယန်ဟန်ထွက်လာပြီးနောက် တခြားသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
တစ်ချို့က တက်ကြွနေပြီး တစ်ချို့က အိပ်ချင်မူးတူးနှင့်ဖြစ်သည်။ သို့သော် သူတို့အားလုံးဟာ လှပသောကောင်မလေးများ၊ ဆွဲဆောင်မှုရှိသော ကောင်လေးများဖြစ်တာကြောင့် မျက်စိပသာဒဖြစ်နေမည်မှာတော့ သံသယဖြစ်စရာမရှိပေ။
အထူးသဖြင့် အငယ်ဆုံးလေး ပိုင်ချွမ်ဖြစ်သည်။
သူသည် ခေါင်းကိုငုံ့ကာ မျက်လုံးတွေကို ပွတ်သပ်နေရင်း မတော်တဆ ယိုင်လဲသွားလေသည်။
အဲဒီ့နောက် သူ့ကိုရယ်မောနေကြသော သူငယ်ချင်းများကြောင့် လျှာလေးထုတ်လိုက်မိသည်။ ချစ်ဖို့ကောင်းကာ နှစ်သက်စဖွယ်လေးပင်။
ယန်ဟန့်အကြည့်ကို အာရုံခံမိသကဲ့သို့ ပိုင်ချွမ်ခေါင်းလှည့်ကာ ဘေးနားက ယန်ဟန့်ကိုပြုံးပြလာသည်။
ယန်ဟန်လည်း အကြည့်လွှဲကာ ခပ်လှမ်းလှမ်းက ချင်းလောင်ကို ကြည့်လိုက်သည်။
ချင်းလောင်နှင့် အားရွှမ်းတို့က စပျစ်ပင်တွေစိုက်ထားသည့် စင်အောက်မှာဖြစ်ကာ စင်ပြုလုပ်ထားသည့်တိုင်ဘက်ကို ကျော ပေးထားသောကြောင့် ယန်ဟန်နှင့် မျက်နှာချင်းဆိုင်ထားသလို ဖြစ်နေသည်။
ယန်ဟန်မျက်နှာပေါ်၌ relax ဖြစ်သည့်အပြုံးတစ်ပွင့် ရှိနေသော်လည်း ဂရုတစိုက်မကြည့်မိလျှင် သူ့အပြုံးထဲမှ ခါးသီးမှုကို မြင်နိုင်မည်မဟုတ်ပေ။
ချင်းလောင်သည် ခရစ်စတယ်လိုကြည်လင်နေသော စပျစ်သီးများနှင့် ကောင်းကင်ပြာကြီးကို ကြည့်လိုသည့်နှယ် ခေါင်းမော့လိုက်သည်။
သို့သော် တစ်ကယ်တမ်းဝောာ့ ယန်ဟန့်မျက်၀န်းများနှင့် မဆုံမိအောင် ပုန်းရှောင်နေခြင်းသာ။
- သူ့အတွေးတွေက လုံလောက်နေပါပြီ။ ယန်ဟန်ကဘာလို့ သူ့အတွက်နဲ့ show ကိုလာမှာလဲ။ ပိုင်ချွမ်လည်း ဒီမှာရှိတယ်လေ။
- ယန်ဟန်က ဘာလို့ ပိုင်ယွဲ့ကို လက်မလွှတ်နိုင်သလဲဆိုတာ သူမသိပေမဲ့ ယန်ဟန်က ပိုင်ချွမ်ကြောင့် show ကိုလာတာပဲ ဖြစ်ရမယ်။ မဟုတ်ရင်...
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...