(40.1)မလိမ္မာတဲ့ အရူးငတုံးလေး/မလိမၼာတဲ့ အ႐ူးငတုံးေလး

129 33 6
                                    

(Unicode)

Chapter (40.1)–မလိမ္မာတဲ့ အရူးငတုံးလေး

ဓာတ်လှေကား၏တံခါးက လျှင်မြန်စွာပိတ်သွားတာကြောင့် ယန်ဟန်တစ်ယောက် သူ့ကိုဖမ်းဖို့ မမီလိုက်ပါချေ။

ကံကောင်းထောက်မစွာဖြင့် ချင်းလောင်၏အခန်းဆီရောက်ဖို့ လှေကားမှ နှစ်လွှာသာဆင်းရန် လိုအပ်သည်။ ဒါကြောင့် ယန်ဟန်သည် ဓာတ်လှေကားကို လက်လျှော့ကာ လှေကားမှဆင်းရန် ကော်ရစ်ဒါတစ်လျှောက် ပြေးသွားခဲ့သည်။

သူတို့နှစ်ယောက်ကြား ဒီလို ကောင်းမွန်တဲ့အခြေအနေမျိုးရဖို့ သူအကြာကြီးစောင့်ခဲ့ရသည်။

စောင့်နေပြီးနောက်မှာ ချင်းလောင်က သူ့အတွက် နှလုံးသားကို ပြန်ဖွင့်ပေးခဲ့သည်။ ဒါကြောင့် ဒီလိုအရေးမပါတဲ့ ကိစ္စတစ်ခုအတွက် သူ့နှလုံးသားကို ပြန်ပြီးမပိတ်ဆို့လောက်ဘူးမလား။

— ဒါပေမဲ့ ဒီလိုကိစ္စမျိုးက တစ်ကယ်မရေးမပါတာ‌ရော ဟုတ်ရဲ့လား...။

ယန်ဟန်ရဲ့နှလုံးသားထဲက အသံတစ်သံက သူ့ကိုတီးတိုး သတိပေးလာသည်။

သူတို့နှစ်ယောက်ကြားထဲက ပြဿနာတွေက အချိန်ကြာမြင့်စွာတည်းက ရှိနေခဲ့ပြီး ကွာရှင်းပြီးတာ‌တောင်မှ လုံးလုံးလျားလျား မပြီးပြတ်သေးပေ။

— ဆိုတော့ ဒါက တစ်ကယ်ပဲ ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုဟုတ်ပါ့မလား။

ဆိုးတာက သူအလျင်လိုနေတာမို့ ဓာတ်လှေကားဆင်းသွားသည့်အလွှာကို မကြည့်နိုင်ခဲ့ပေ။ ဓာတ်လှေကားရပ်သည့်နေရာက ချင်းလောင်၏အခန်းမဟုတ်ဘဲ ပထမအလွှာဖြစ်သည်။

------------

ကော်ရစ်ဒါဘက်သို့ရောက်အောင် ယန်ဟန့်ဆီက တွန်းထုတ်ခံခဲ့ရသည့် ပိုင်ချွမ်တစ်ယောက် ၀မ်းနည်းနာကျင်စွာ ပြုံးလိုက်ပြီး ဖုန်းထုတ်ကာ ခေါ်ဆိုလိုက်သည်။

တစ်ဖက်ကဖုန်းပိုင်ရှင်က လျှင်မြန်စွာကိုင်ကာ ညင်သာသောလေသံဖြင့် ဖုန်းပြန်ဖြေသည်။

"ဟယ်လို..."

ပိုငိချွမ်သည် ယန်ဟန့်ကိုနမ်းလိုက်သည့် သူ့နှုတ်ခမ်းလွှာများကို တို့ထိလိုက်ပြီးနောက် အပြုံးဖြင့်ပြောလိုက်သည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now