[Unicode]
Chapter (7.1) - ဟင်းလုစားတဲ့အရှေ့တိုင်းသရုပ်ဆောင်ချင်း
မနက်စောစောမှာ ဘာမှအရေးတကြီး လုပ်စရာမရှိလှပေ။ ပုံနှိပ်စာအုပ်အသစ်ကိုထုတ်ခိုင်းပြီးနောက် အတန်းပိုင်သည် ယခုစာသင်နှစ်၀က်၏ အစီအစဉ်များမှစကာ အခြားအကြောင်းအရာများကိုပါ ပြောကြားလေသည်။ သည်လိုနှင့် နေ့လည်ရောက်သွားခဲ့သည်။
ချင်းလောင်ဝိတ်မကျခင်က နေ့လည်ရောက်တာနှင့် သူ့မိသားစုသည် ချင်းမိသားစု၏စားသောက်ဆိုင်တွင် အာဟာရပြည့်၀သော အထူးအစားအစာများစားရန် လာခေါ်လေ့ရှိသည်။
ယခုလိုဝိတ်ကျပြီးနောက်လည်း system ၏ black technology ကို သုံးနေတာကြာင့် ဖြစ်လာမည့်ပြဿနာတစ်စုံတစ်ရာကို စိုးရိမ်စရာမရှိပေ။
ဒါ့ပြင် ယဲ့ချန်၏နှစ်သက်မှုကို ရဖို့ကြိုးစားနေတာကြောင့် မိသားစုကို လာမပို့ခိုင်းသလို အပြင်လည်းထွက်မစားပေ။ အဲဒီ့အစား သွားလေ့သွားထနည်းခဲ့သော cafeteria ကိုသာသွားလေသည်။
ကျင်းချန်အထက်တန်းကျောင်းတွင် ချမ်းသာသောကလေးများစွာရှိတာကြောင့် cafeteria မှ ဟင်းများသည် သာမန်အထက်တန်းကျောင်းနှင့် ယှဉ်မရပေ။ ဟုတ်တာပေါ့။ ဈေးကလည်း မြောက်လွန်းသည်ပင်။
ကျင်းချန်အထက်တန်းကျောင်းတွင် ဆင်းရဲသောကျောင်းသား အချို့လည်းရှိသည်။ ယဲ့ချန်ကဲ့သို့ ဆင်းရဲသော်လည်း အဆင့်ကောင်းသည့် ကျောင်းသားများကို ကျောင်းက ကောင်းကောင်းဆက်ဆံပေးသည်။
သူ့အတွက် ကျူရှင်ခကို မကောက်ခံရုံသာမက ပညာသင်ဆုအပါအ၀င် နှစ်တိုင်းထောက်ပံ့ကြေးတွေလည်းပေးသည်။ မဟုတ်ပါက သူ့မိသားစုနောက်ခံမရှိပုံနှင့် အစောကြီးကတည်းက ပြောင်းသွားခဲ့ပြီးလောက်သည်။ယဲ့ချန်သည် နေ့လည်စာထမင်းပန်းကန်ကို ကိုင်ထားရင်း သူထိုင်ရန်အတွက် တိတ်ဆိတ်သောနေရာကို အမြန်ရှာလိုက်သည်။
အဲဒီ့နောက် သူ့တူတစ်စုံနှင့် ဟင်းသီးဟင်းရွက်တစ်ချို့ကို ညှပ်ယူလိုက်စဉ် သူ့ပန်းကန်မှာ အဝေးသို့ဆွဲယူသွားခြင်းခံလိုက်ရသည်။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...