(18.2)မျက်ရည်မလွယ်သူကငါ့ကြောင့်ငိုခဲ့ရပြီ/မ်က္ရည္မလြယ္တဲ့သူကငါ့ေၾကာင့္ငိုခဲ့ရၿပီ

259 44 15
                                    

(Unicode)

Chapter (18.2)–မျက်ရည်မလွယ်သူကငါ့ကြောင့်ငိုခဲ့ရပြီ

"တစ်ကယ် နာနေပြီ... ငါ့ကိုကြိုးဖြည်ပေးတော့..."

ချင်းလောင်၏အသံက အက်ကွဲကာ အသက်ရှူသံကပင် ဖျော့တော့နေလေသည်။ သူ့မှာထပ်ပြီး အကြမ်းခံနိုင်ဖို့ အင်အားလည်း မရှိတော့ပါချေ။

ယဲ့ချန်ရပ်တန့်ကာ သူ့ကိုနှစ်ခါလောက်ကြည့်ပြီးနောက် ကြိုးဖြည်ပေးလိုက်သည်။

ချည်သားပုဝါဖြင့် ကြားခံထားသော်လည်း သူ့လက်ကောက်၀တ်တွေက နှစ်နာရီလောက် အချည်ခံခဲ့ရတာမို့ နီရဲနေလေပြီ။

ဒါက ချင်းလောင်ကို အနိုင်ကျင့်တာနှင့် သိပ်မကွာခြားလှတဲ့ အခြေအနေမို့ ယဲ့ချန်မပြုံးနိုင်တော့ပါချေ။

ရိုးရိုးရှင်းရှင်းနှင့် အလျှင်အမြန်ပဲ သန့်ရှင်းရေးလုပ်ပေးပြီးနောက် ချင်းလောင်၏ဘေးတွင် လဲလျောင်းကာ လက်မောင်းတွေကြား ထွေးဖက်ထားရင်း ကျေနပ်အားရစွာ သက်ပြင်းချမိသည်။

သူစိတ်ကျေနပ်မိတာက ချင်းလောင်နဲ့ လုပ်နိုင်ခဲ့လို့မဟုတ်ဘဲ ချင်းလောင်က သူ့ကိုတစ်ကယ်ကြီး မငြင်းဆန်တာကြောင့်ဖြစ်သည်။

သူချင်းလောင်ကိုချစ်သည်။ ဒီတော့ နာကျင်အောင်လုပ်မှာမဟုတ်ပေ။ သူမလိုချင်ပါက ယဲ့ချန်အနေဖြင့် အတင်းအကျပ်လုပ်မည်မဟုတ်။

ချင်းလောင်၏ တုံ့ပြန်မှုအရ ချင်းလောင်ကိုယ်တိုင်က သူ့ကိုအမှန်တစ်ကယ် လိုချင်ကြောင်း သူသိနားလည်ခဲ့သည်။

ထိုအကြောင်းတွေးရင်း ချင်းလောင်၏ ကိုယ်ပေါ်မှာရှိ‌နေသည့် ယဲ့ချန်၏လက်များ တင်းကျပ်သွားသည်။

သူသဘောကျရသည့် ဒီလူငယ်လေးက တဖြည်းဖြည်း သူ့အပိုင်ဖြစ်လာတော့မည်။

ချင်းလောင်မလှုပ်ရှားတာကြောင့် အိပ်ပျော်သွားပြီဟု ယဲ့ချန်ထင်ခဲ့သည်။ ဒါကြောင့် သူ့မျက်လုံးတွေကိုမှိတ်ကာ ခဏလောက်အနားယူရန် တွေးလိုက်သည်။

သို့သော် ရုတ်တရက်ပင် သူ့ရင်ဘတ်မှ စိုစွတ်မှုကို ခံစားလိုက်မိသည်။ ယဲ့ချန်ခဏလောက် အံ့အားသင့်နေပြီးနောက် အသံတိတ်ရှိုက်ငိုရင်းဘတုန်ယင်လာသော ချင်းလောင်၏ပခုံးများကို တွေ့လိုက်ရသည်။

ချင်းလောင်ငိုနေတာတဲ့။ သူ့နှလုံးသား ကိုက်ခဲလာလေပြီ။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now