(16.2)Good night ပါ ငါ့ရဲ့မင်းသားလေး/Good night ပါ ငါ့ရဲ့မင္းသားေလး

228 48 28
                                    

(Unicode)

Chapter (16.2) - Good night ပါ ငါ့ရဲ့မင်းသားလေး

အပြန်လမ်းမှာတော့ နှစ်ဦးသားတိတ်ဆိတ်နေကြသည်။ ချင်းလောင် နည်းနည်းလေး စိတ်မသက်မသာဖြစ်နေပေမဲ့ နှစ်ဦးကြားမှာတော့ ငြိမ်းချမ်းရေးရနေဆဲပင်။Good night ပါ

တစ်ချိန်လုံး ယဲ့ချန်က သူ့ဘေးမှာစောင့်နေပေးခဲ့တာမို့ ချင်းလောင်နည်းနည်းဝောာ့ စိတ်လှုပ်ရှားသွားရသည်။ အဲဒီ့နောက်မှာ ကပ်လျက်လိုက်ပါလာတာကတော့ အပြစ်ရှိစိတ်ပဲဖြစ်သည်။

- အဲဒီ့နေ့တုန်းက စကားတစ်ခွန်းမျှမပြောဘဲ သူချက်ချင်းဆိုသလို ထွက်သွားခဲ့တာမို့ ယဲ့ချန်အရမ်းဒေါသထွက်နေလောက်မှာပဲ ဟုတ်တယ်မလား။

ချင်းလောင်သည် ရှုပ်ထွေးနေသောစိတ်အစုံဖြင့် အဆောင်ခန်းထဲ ၀င်သွားလိုက်သည်။ ယဲ့ချန်လည်း ၀င်လာပြီးနောက် တံခါးကို အသံမြည်အောင်ပိတ်ပြီး လော့ခ်ချလိုက်သည်။

ချင်းလောင်တစ်ယောက် သူ့အိပ်ရာဆီ မရောက်သေးခင်မှာပဲ ယဲ့ချန်က အပ်စိုက်မခံထားရသည့် သူ့ညာဘက်လက်ကို လှမ်းဆွဲကာ တစ်ကိုယ်လုံးကို တံခါးနဲ့ဆွဲကပ်ပစ်လိုက်သည်။

ယဲ့ချန်က သူ့လက်တစ်ဖက်သုံးကာ ချင်းလောင်၏လက်များကို ခေါင်းပေါ်မြှောက်ကာဖိထားပြီး ကျန်တစ်ဖက်ကတော့ ချင်းလောင်၏ခါးကိုပွေ့ထားလေသည်။

သူအခု နည်းနည်းအားနည်းနေတာကြောင့် ရုန်းဖို့မဆိုထားနှင့်။ ယဲ့ချန် အားအများကြီးမသုံးလျှင်ပင် အလွယ်တကူကျိုးပဲ့သွားနိုင်သည်။

"မင်း ဘာလုပ်..."

စကားလုံးများစွာ ထွက်ကျမလာသေးခင်မှာပဲ ချင်းလောင်၏ ပါးစပ်မှာ ပိတ်ဆို့ခံလိုက်ရသည်။ သူ့ မျက်၀န်းများ ပြူးကျယ်သွားရပြီး ထိုင်ခုံဖော်ဟောင်းလေး၏ မျက်တောင်ကော့ကော့လေးများကိုသာ ကြည့်နေမိတော့သည်။

အဲဒီ့နောက် သူ့နှလုံးက ပြင်းပြင်းထန်ထန်ခုန်လှုပ်လာပြန်သည်။

- ယဲ့ချန်... သူ့ကို တစ်ကယ်ကြီးနမ်းနေတာပဲ...။

ယဲ့ချန်က သူ့ကို ခုခံရန် အခွင့်အရေးတစ်ခုလေးဝောာင် မပေးပါချေ။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora