246 54 26
[Unicode]
Chapter (3.2) – သူအမုန်းဆုံးလူက သူ့ကိုကယ်ခဲ့တယ်
ယဲ့ချန်က ချင်းလောင် လက်စွပ်ဆွဲထုတ်လိုက်သည်ကို ကြည့်သည်။ တစ်ကယ့်ကို သူ့ခုံထဲမှာ ရှိနေသည်ပင်။
သူခဏလောက်တွေးတောနေပြီးနောက် အမူအရာပြောင်းသွားကာ ချင်းလောင်ကို စူးရှစွာကြည့်လိုက်သည်။
[ဒင်.... ယဲ့ချန်ရဲ့နှစ်သက်မှု (-15) လက်ရှိနှစ်သက်မှု (-80) ]
ချင်းလောင်သည် ယဲ့ချန်ကို ဗလာမျက်၀န်းတွေဖြင့် ပြန်ကြည့်ပြီးနောက် ရုံးခန်းကိုခေါ်သွားခံရသည်အား သည်အတိုင်းကြည့်နေလိုက်သည်။
အဲဒီ့နောက် အတန်းထဲတွင် ယဲ့ချန်ကဆရာမပိုင်၏လက်စွပ်ကို ခိုးခဲ့သည့်အကြောင်း အတင်းအဖျင်း စကားသံများ စတင်ထွက်ပေါ်လာသည်။
- ယဲ့ချန်က ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုး ဖြစ်နိုင်မှာလဲ။ တစ်ယောက်ယောက် ချောက်ချတာများလား။
ချင်းလောင်စောင့်ဆိုင်းနေရင်း စိတ်မရှည်တော့ချိန်၌ နောက်ဆုံးတော့ ယဲ့ချန် အတန်းထဲပြန်ရောက်လာပြီး မျက်၀န်းတွေ နီရဲနေခဲ့သည်။
သူစကားတစ်လုံးမျှမပြောဘဲ ချင်းလောင်၏မျက်နှာကို ပိတ်ထိုးလိုက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားစေသည်။
ကံကောင်းစွာပဲ ချင်းလောင်ဟာ system ကို 'နာကျင်မှုအကာအကွယ်' ပြုလုပ်ရန် ကြိုတင်စေခိုင်းထားပြီးဖြစ်သည်။ မဟုတ်ပါက နာကျင်မှုကြောင့် အံကြိတ်မိပေလိမ့်မည်။
"ချီးပဲ.... ယဲ့ချန်... မင်းရူးနေတာလား"
၀မ်ဟောက်သည် သူ့အင်္ကျီလက်ကို မတင်ကာ ထရပ်လာသည်။ ချင်းလောင်သူ့ကိုတားလိုက်ပြီး သူ့ဘာသာထရပ်ကာ မီးပွင့်မတတ် စိုက်ကြည့်လိုက်သည်။
"ယဲ့ချန်... မင်း... ဒါ ဘာကိုဆိုလိုတာလဲ"
"ဟမ့်..."
ချင်းလောင်ကိုထိုးချိန်တုန်းက သူ့အားကို မထိန်းချုပ်ထားတာကြောင့် ယဲ့ချန်၏ အနက်ရောင်ဆံပင်များက ရှုပ်ပွသွားခဲ့သည်။
ပုံမှန်အားဖြင့် ဆံပင်ရှည်တွေနှင့် ဖုံးကွယ်နေတတ်သော မျက်၀န်းများက အခုတော့စူးရှနေခဲ့ပြီး ချင်းလောင်ကို သတ်ဖြတ်တော့မတတ် စိုက်ကြည့်နေခဲ့သည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora