196 32 19
(Unicode)
Chapter (23.1)-နှလုံးသားထဲက ဆူးတစ်ချောင်း
နောက်ဆုံးမှာတော့ ချင်းလောင်သည် ချင်းဖုန်းကို ရှေ့နေတစ်ယောက်ရှာပြီး ကွာရှင်းခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်တစ်ခု လုပ်စေခဲ့သည်။
ချင်းဖုန်းသည် ပျော်ရွှင်စွာပင် ကူညီပေးပြီး ချင်းလောင်ကို ပြန်လွှတ်လိုက်သည်။ ပျော်ရွှင်နေလိုက်ပုံများ မနက်ဖြန်ခါ သူလက်ထပ်တော့မည့်အတိုင်းပင်။
အပြန်လမ်းတွင် ချင်းလောင်တစ်ယောက် system ကို‌ မေးလိုက်သည်။
"မူလပိုင်ရှင်ရဲ့ဆန္ဒကဘာလဲ။ ယန်ဟန်ရဲ့အချစ်ကို ရဖို့လောက်ပဲတော့ မဟုတ်ဘူးမလား"
system တိတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။
"တစ်ကယ်တော့ ဒီတစ်ခေါက်ရဲ့ အပိုဆောင်းတာ၀န်က အဓိကတာ၀န်နဲ့ အတူတူပဲ"
"ငါခန့်မှန်းမိထားပဲ။ ယန်ဟန်ရဲ့ ငါ့အပေါ်နှစ်သက်မှုက ဘောလုံးလေး တစ်လုံးပါပဲကွာ"
ချင်းလောင်သည် မီးပွိုင့်မှမီးနီကြောင့် ကားရပ်ကာစောင့်နေသည်။ မနီးမဝေးရှိ စီးပွားရေးပလာဇာ၏ ကြီးမားလှသော screen ပေါ်မှာတော့ အဆိုတော်တစ်ယောက်၏ talent show ကို ပြသနေသည်။
System: "တစ်ကယ်ကို ကြက်ဥဇီးရိုးပါပဲ"
"ကျစ်...."
ချင်းလောင်သည် screen ကြီးပေါ်မှ ရှောင်ရှန်းရုံ၏ လှပသောမျက်နှာလေးကို ခဏကြည့်ပြီး အကြည့်လွှဲလိုက်သည်။
ထို့နောက် သူနှင့်ယန်ဟန်တို့အတူနေသည့် အဆင့်မြင့်ဗီလာဆီ ဆက်မောင်းလာလိုက်သည်။
ချင်းလောင်သည် ကားကိုဂိုဒေါင်ထဲတွင် နေရာချပြီးနောက် အိမ်တံခါးဖွင့်ကာ အိပ်ခန်းထဲတန်း၀င်လာသည်။ နေကာမျက်မှန်ကို ချွတ်ပြီး ပါးလွှာသောစာချုပ်လေးကို အိပ်ရာဘေးက စားပွဲပေါ်တင်လိုက်သည်။
သူခဏလောက်‌တွေးပြီးနောက် ဘော့ပင်ကိုင်ကာ နောက်ဆုံးစာမျက်နှာ၌ သူ့နာမည်ကိုလက်မှတ်ထိုးလိုက်သည်။ ပြီးနောကိ စာချုပ်ကို အံဆွဲထဲ ထည့်ထားလိုက်သည်။
ဒီအခန်းက ယန်ဟန်နှင့် ခွဲပြီးနေသည့် ချင်းလောင်၏အိပ်ခန်းလေးဖြစ်သည်။ သူတို့က တစ်ခန်းတည်းအတူတူ အိပ်တာမဟုတ်ပေ။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now