(Unicode)
Chapter (35.2)—ဖုန်းရွှေအပြောင်းအလဲဖြစ်ပြီ
ချင်းလောင်သည် C မြို့တော်ကိုပြန်ရောက်ပြီးနောက် ဇာတ်ညွှန်းတစ်ခုကို လက်ခံခဲ့သည်။ အဲဒါက ရှေးခေတ်ကို ဇာတ်အိမ်တည်ထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လိင်တူရုပ်ရှင်ဇာတ်ကားလည်းဖြစ်သည်။
ဇာတ်ကားကိုရိုက်မည့် ဒါရိုက်တာက ရွှေလက်ချောင်းဟု လူသိများသူတစ်ဦးဖြစ်ပြီး များပြားလှစွာသော ရုပ်ရှင်ကြယ်ပွင့်များဟာ သူရိုက်ကူးသည့် ရုပ်ရှင်ကားများမှ ထွက်ပေါ်လာခဲ့ကြတာဖြစ်သည်။
ချင်းလောင်ကဲ့သို့ တတိယအဆင့် သရုပ်ဆောင်တစ်ယောက်အတွက်တော့ ဒုတိယဇာတ်လိုက်နေရာကိုပင် မရနိုင်ပေ။
သို့သော် ဒါရိုက်တာက သူ့ရဲ့ရှေးခေတ်၀တ်စုံနှင့် ပုံအချို့ကိုမြင်ပြီး ထိုဇာတ်ကောင်နှင့် အလွန်သင့်လျော်ကြောင်း ခံစားရသည်ဟု သူပြန်ကြားခဲ့ရသည်။
အဲဒါကြောင့် ထိုသူက သူ့ဆီသို့ သံလွင်ခက်ပေးပို့ခဲ့လေသည်။
ဇာတ်ညွှန်းက အခုလတ်တလော ရိုက်ကူးဦးမှာ မဟုတ်သေးဘဲ ခန့်မှန်းချေ နှစ်လလောက်ကြာလိမ့်ဦးမည်။
ချင်းလောင်၏လက်ထဲမှာရှိတာက ပထမ ဇာတ်ညွှန်းမူကြမ်းဖြစ်သည်။ နောက်ဆုံး ဆုံးဖြတ်ချက်အတွက်တော့ စိစစ်တည်းဖြတ်နေဆဲဖြစ်သည်။
ထပ်ပေါင်းပြောရလျှင် တခြားဇာတ်ကောင်အများစုအတွက် ရွေးချယ်မှုမလုပ်ရသေးပေ။ ထို့ကြောင့် ဆောင်းရာသီလောက်ကျမှ စတင်ရိုက်ကူးမှာဖြစ်နိုင်လောက်သည်။
reality show ကို ပြသနေစဉ်မှာပဲ ချင်းလောင်တစ်ယောက် မမျှော်လင့်ဘဲ ချင်းဖုန်းဆီက ဖုန်းကောကိုရလိုက်သည်။
ထိုအချိန် ဆေးရုံမှာတုန်းက ချင်းဖုန်းဟာ လေးနက်ပြီး တွန်းအားအပြည့်ဖြင့် တစ်စုံတစ်ရာကိုပြောခံ့သည်။
ဒီအချိန်မှာတော့ ယန်ဟန့်အမည်ကို သူပြောချိန်မှာ အရင်ကပြောခဲ့ဖူးသည့် အကြောင်းအရာတွေ၊ ပြဿနာတွေကို ပြန်ထည့်ပြောလာပြန်သည်။
"သေသေချာချာတွေးပါ"
ချင်းလောင် ဖုန်းပြန်ချပြီးနောက် ပြောင်းဖူးပေါက်ပေါက် လက်တစ်ခုပ်စားလိုက်သည်။ ကြွပ်ရွကာ ချိုမြိန်သည်။
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...