(19.1)-ရှက်ကြောပြတ်နေတဲ့ shou/ရှက်ကြောပြတ်နေတဲ့ shou

230 43 10
                                    

(Unicode)

Chapter (19.1)–ရှက်ကြောပြတ်နေတဲ့shou

System: "

"ဝူး..."

ချင်းလောင်သည် မျက်လုံးဖွင့်လိုက်ပြီး ဖုန်းကိုမကိုင်မိခင်အထိ ခေါင်းဦးအောက်တွင် ဟိုစမ်းဒီစမ်းလုပ်လိုက်သည်။

screen ပွင့်လာပြီးနောက် ပြသလာတာက နေ့လည် ၁၂ နာရီ။

system ၏အသံက ရိုးသားစွာ ထွက်ပေါ်လာသည်။

"ဂုဏ်ယူပါတယ်နော်.."

ချင်းလောင် : "မင်းက zerozero လား။ 25 မှာ ဒီလိုလေသံမျိုးမရှိဘူး။ သူဒီနေ့အနားယူတာလား"

"ဟမ့်..."

"အိုကေ မင်းက 25 ပဲ..."

ချင်းလောင်အပျင်းဆန့်လိုက်ဝောာ့ သူ့ဘေးမှာ ဘယ်သူမှရှိမနေ။ အိပ်ရာ၀န်းကျင်ကိုကြည့်လိုက်တော့ ယဲ့ချန်ကိုမတွေ့။

"ငါ့မိသားစုက ကလေးလေးချန်ချန် ဘယ်မှာလဲ"

system က ဒီမေးခွန်းကိုမဖြေချင်တာကြောင့် ကျော်ပစ်လိုက်သည်။

"ဒီဇာတ်ကြောင်းက မင်းအရင်က မှန်းထားတာနဲ့ မတူဘူး။ ဟုတ်တယ်မလား။ အနက်ရောင်အခန်းလေးက တစ်ခါသုံးပြီးသွားတော့ အသုံးမ၀င်ဝော့ဘူးလား။ ဒီဝောာ့ အကြွေးရှင်ကြီးက ဘာတွေတောင်းဆိုလာမှာပါလိမ့်"

မနက်အစောကြီး system က ဘာလို့သူ့ကို ဆက်သွယ်လာလဲမှတ်တယ်။ ဒီလိုဂွင်မျိုးကို စောင့်နေတာကိုး။

"မင်း... နှာဘူးကောင်"

ချင်းလောင် ပွစိပွစိပြောလိုက်သည်။

"ချန်ချန်က ငါ့ကိုအိပ်ခန်းထဲ ထည့်ပိတ်ထားပြီး နေ့တိုင်း papapa လုပ်တာကို မြင်ချင်နေတာလား"

"....."

— ငါ... ဖာ့ခ် သူပြောစရာမရှိတော့ဘူး။ ဆွံ့အသွားပြီ။ သူ့ host ဘယ်တုန်းကစပြီး ဒီလောက်အဆိပ်ပြင်းသွားတာလဲ။ မဖြစ်ဘူး။ zerozero ကိုပြောပြီး စစ်ဆေးခိုင်းရမယ်။ ဗိုင်းရပ်၀င်နေတာမျိုး ဖြစ်နိုင်လောက်တယ်မလား။

ချင်းလောင်ခဏလောက် စောင့်နေသော်လည်း system ကပြန်မဖြေပေ။ သူနှစ်ကြိမ်လောက် ခေါ်လိုက်ပေမဲ့လည်း အသံမကြားရသလို ပြန်အော်ဟစ်သည့် တုံ့ပြန်မှုမျိုးပါ မလုပ်လာပေ။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ