208 36 12
(Unicode)
Chapter (26.1) – မျက်နှာသာပေးခံရသောကြယ်ပွင့်ငယ်လေး
နှစ်သက်မှုတိုးသွားသည့် အသံကိုကြားသည်နှင့် ချင်းလောင်တစ်ယောက် 'ရီး....' ဟု အကျယ်ကြီး ထအော်လေသည်။
"ငါဖြင့် သူနဲ့တောင် ပြန်မတွေ့ရသေးဘူးဟာကို။ ဘာလို့တိုးလာတာလဲ။ System ရေ မင်းသူ့ကို စောင့်ကြည့်နေလား"
တာ၀န်ကျေလှသော တာ၀န်ထမ်းဆောင်စ system အသစ်လေး : "အဲဒါက မင်းရဲ့ကောင်းမွန်လှပါတယ်ဆိုတဲ့ လက်ထောက်ကြောင့်ပဲ‌လေ။ သူမက မင်းရဲ့ ခင်ပွန်းဟောင်းကို လက်ထပ်ပွဲအပေးအယူက သူမရဲ့အကြံဆိုတာရယ် မင်းကသူတောင်းဆိုတာကို လိုက်နာခဲ့ရုံပဲဆိုတာရယ် ပြောလိုက်တာ"
"အိုး ဟုတ်သားပဲ။ ငါ့ယောက္ခမကြီး ဒီနေ့လာတွေ့မယ်ပြောထားတာပဲ"
ချင်းလောင် တိတ်တဆိတ် သက်ပြင်းချသည်။ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်ထားလိမ့်မည်မဟုတ်ပေ။
"သူမရဲ့သားနဲ့ချွေးမလေးတို့ ရွှေလက်တွဲတာမြင်ရမဲ့အစား ကွာရှင်းလိုက်ကြပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတာကို မြင်လိုက်ရတော့ ၀မ်းနည်းနေတော့မှာပဲ"
အမူအရာ ကင်းမဲ့နေသော system: "ကွာရှင်းပစ်လိုက်ပြီး သူမကို ၀မ်းနည်းစေတာလည်း မင်းပဲလေ"
ချင်းလောင် သူ့ကိုပြန်မငြင်းဘဲ လေးလေးနက်နက် ပြောလာသည်။
"reality show လုပ်မဲ့နေရာက ယန်ဟန် ရုပ်ရှင်ရိုက်နေတဲ့ နေရာနဲ့ဆိုရင် တစ်မြို့တည်းပဲ။ ဟုတ်တယ်မလား"
system သည် သူ့ရဲ့ကြက်စပ် host ချနေသော အစီအစဉ်ကို တစ်ချက်တည်းဖြင့် မြင်နိုင်ပါသည်။
"တစ်မြို့တည်းပဲ။ ဒါပေမဲ့ နေရာက တောင်နဲ့‌မြောက်လေ။ မင်းတို့ တွေ့နိုင်မဲ့ အခွင့်အရေးမရှိဘူး"
ချင်းလောင် အံ့အားသင့်သွားပုံပြလိုက်သည်။
"25 ရေ... မင်းတောင်အရွယ်ရောက်လာပြီပဲ။ အဖြေကိုတောင် သိနေပြီကြည့်စမ်း....."
System: "အနောက်မှာ ဒါပေမဲ့ဆိုတာကြီး ပါနေမှန်းရောသိရဲ့လား"
ချင်းလောင် ထပ်ပြီး အံ့အားသင့်သွားသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ