290 57 16
[Unicode]
Chapter (2.1) - စတင်ပြောင်းလဲလာသော ကျောင်းလူဆိုးလေး
ကျောင်းတက်ခေါင်းလောင်းသံ မြည်လာလေပြီ။
ကျင်းချန်အထက်တန်းကျောင်း၏ ‌ခေါင်းလောင်းသံက ငြီးငွေ့ဖွယ်ကောင်းသော 'ကလင်... ကလင်...' သံမဟုတ်ဘဲ စိတ်သက်တောင့်သက်သာရှိစေပြီး နူးညံ့သိမ်‌မွေ့မှုတို့ ရောစွက်နေသော သီချင်းသံဖြစ်သည်။
ဆရာက အခုထိရောက်မလာသေးပေ။ ဒုတိယနှစ် အတန်း (၁) ရှိ ကျောင်းသားများ၏ မျက်လုံးတို့က နောက်ဆုံးတန်းကခုံက လူဆီသို့သာ ရောက်ရှိနေကြသည်။
"ချင်းလောင်ပြုတ်ကျတုန်းက အရမ်းဆိုးရွားပုံမပေါ်ပေမဲ့ အဲဒီ့တုန်းက သွေးတွေတော့ အများကြီးထွက်လာတာနော်။ အရမ်းကြောက်ဖို့ကောင်းတယ်"
"သူကျောင်းမလာခဲ့တာ ကြာပြီ။ ပြုတ်ကျပြီးနောက် သွေးထွက်လွန်ပြီး သေရင်သေ၊ ဒါမှမဟုတ် လူသားသစ်ပင်ဖြစ်နေလောက်ပြီလို့ ထင်ထားခဲ့တာ"
"အိုက်ယား... တစ်ကယ်တမ်း သူကနည်းနည်းတော့ သနားစရာကောင်းပါတယ်။ ချစ်မိသွားရုံလေးဆိုပေမဲ့ ဒီလိုမျိုးနာကျင်မှုနဲ့ အဆုံးသတ်သွားရတယ်။ သူ့ရဲ့ကိုယ်ပိုင်မာနလေးကတော့ နာကျင်ခဲ့ရှာမှာပဲ။ အဲဒါကြောင့်ပဲ ခလုတ်တိုက်ပြီး လှေကားကနေချော်ကျခဲ့တာပေါ့"
"တစ်ယောက်ယောက်ကတော့ တည်ငြိမ်နေတုန်းပဲဟဲ့။ နောက်ဆုံးတော့လဲ ငါတို့အားလုံးက ကျောင်းသားတွေပဲလေ။ သူများရဲ့ခံစားချက်ကို ငြင်းလိုက်တာကိုတော့ မပြောလိုပါဘူး။ ဒါပေမဲ့ မျက်နှာချင်းဆိုင် အရှက်ခွဲခဲ့ပြီးနောက် ဒီလိုဖြစ်သွားတာတောင်မှ ဘာမှမခံစားရဘူးလား။ တစ်ယောက်သော ကြာပန်းဖြူလေးရဲ့တန်ဖိုးကတော့ ကျဆင်းနေပြီပဲ..."
မိန်းကလေးများ၏ ဆွေးနွေးသံက အရမ်းမကျယ်ပေမဲ့လည်း ပြောနေကြတုန်း မကြာခဏဆိုသလို ဟန်ဟန့်ကို ကြည့်တတ်ကြသည်။ ပုံစံတွေက ချင်းလောင်ကို လှောင်ရယ်ခဲ့ကြသူတွေထဲ သူမတို့တွေ မပါခဲ့ကြသည့်နှယ်...။
ဟန်ဟန့်မျက်နှာ ဖြူဖျော့လာကာ မိန်းကလေးများ သူမအကြောင်းပြောနေသည်ကို မကြားသလိုဟန်ဆောင်လိုက်သည်။ သူမဟာ နောက်လှည့်မကြည့်ဘဲ ခေါင်းကိုငုံ့ထားပြီး သွားကြိတ်လိုက်မိသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora