[Unicode]
Chapter (9.1) – သွေးလွှမ်းသွားတဲ့ ပထမဆုံးအနမ်း
တနင်္လာနေ့မှာတော့ မိုးရွာလေပြီ။ ဆောင်းဦးရာသီမိုးက မရပ်တန့်ခင် ရက်အနည်းငယ်ခန့် ဆက်တိုက်ရွာနေမည့်ပုံပေါ်သည်။
"ဒါကဘာလဲ"
ချင်းလောင်သည် သူ၏ခုံစောင်းပေါ် ခေါင်းမှီကာ အိပ်နေတာဖြစ်သည်။ ဒီလိုအုံ့မှိုင်းမှိုင်းရာသီဥတုက လူတွေရဲ့ငိုက်မျည်းခြင်းကို နှိုးဆွအပေးနိုင်ဆုံးပဲမဟုတ်လား။
သို့သော် သူလုံးလုံးလျားလျား အိပ်မပျော်ခင် ထိုင်ခုံဖော်က သူ့လက်မောင်းထဲ တစ်စုံတစ်ရာကို ထိုးထည့်ပေးလာသည်။
"လက်ဆောင်"
ချင်းလောင်တစ်ယောက် ဖွင့်ကြည့်မည့်ဟန်ပြင်နေတာမို့ ယဲ့ချန်တားလိုက်သည်။
"အိမ်ပြန်ရောက်မှဖွင့်ကြည့်"
ချင်းလောင်လက်ပြန်ရုတ်လိုက်ပြီးနောက် ဟန်ဆောင်ပြုံးနှင့်အတူ ထိုလက်ဆောင်ကို အိတ်ထဲထည့်လိုက်သည်။ ထို့နောက် ယဲ့ချန်၏ပခုံးကိုပုတ်ကာ ညင်သာစွာပြောလိုက်သည်။
"မင်းငါ့ကို အရောင်တွေနဲ့စာအုပ်တော့ မပေးဘူးမလား။ ဟဟ... R-18 လေ"
"..…"
ချင်းလောင်သူ့ကို မျက်စိမှိတ်ပြတာကိုကြည့်ပြီး ယဲ့ချန်ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
"မင်း ဘာတွေ တွေးနေတာတုန်း"
ချင်းလောင်ပျင်းရိစွာ ခေါင်းထောင်ကြည့်လိုက်သည်။
"ဒါကပုံမှန်ပါပဲကွာ။ မဟုတ်လို့လား။ လူအများစုက ဒီလိုပစ္စည်းမျိုးကို သူငယ်ချင်းတွေ ၁၈ ပြည့်တဲ့မွေးနေ့မျိုးမှာ ပေးတတ်ကြတယ်လေ"
ယဲ့ချန်မေးလိုက်သည်။
"တစ်နေ့က ရခဲ့လို့လား"
"မရပါဘူး"
ချင်းလောင်သည် ရုတ်တရက် ယဲ့ချန်ဆီ တိုးကပ်သွားလိုက်ပြီး လည်တိုင်ကို လက်တစ်ဘက်ဖြင့်ချိတ်ကာ နားအနားသို့ ကပ်ပြောလိုက်သည်။
"တစ်ကယ်တော့... ငါလည်း အဲဒီ့ကိစ္စ စိတ်၀င်စားတယ်။ ငါမင်းကိုပြောပြမယ်။ ငါ့မှာအခုထိ ပထမဆုံးအနမ်းက ရှိနေတုန်းပဲ"
أنت تقرأ
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
عاطفيةDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...