(19.2)မင်းရှက်သွားတာက ရယ်ချင်စရာလေး/မင္းရွက္သြားတာက ရယ္ခ်င္စရာေလး

231 43 22
                                    

(Unicode)

Chapter (19.2)–မင်းရှက်သွားတာက ရယ်ချင်စရာလေး

ချင်းလောင်သည် ချက်ချင်းပင် မထိတထိလေးပြုံးကာ အနားသို့တိုးကပ်သွားသည်။

မက်မွန်ပွင့်သဏ္ဍာန် ရွှန်းစိုတောက်ပနေသော မျက်၀န်းတစ်စုံသည် တဖျတ်ဖျတ်ခတ်နေပြီး ကြည့်မိသူ၏စိတ်ကို မချင့်မရဲဖြစ်လာစေသည်။

သူပြောလိုက်သည်။

"ချန်ချန်... ဘယ်လိုနမ်းရတယ်ဆိုတာ ငါ့ကိုသင်ပေးစမ်းပါ။ မင်းနမ်းလိုက်တိုင်း လုံး၀အံ့အားသင့်ဖို့ကောင်းတယ်။ မင်းဘယ်ကသင်လာတာလဲ။ မင်းဆီက အနမ်းခံရတိုင်း အောက်စီဂျင်ပြတ်သလို ခံစားရ... အမ်း...."

နောက်ဆုံးတော့ သူ့ကိုကျီစယ်နေတဲ့ ကောင်လေးရဲ့ပါးစပ်ဟာ အပိတ်ခံလိုက်ရလေပြီ။

ချင်းလောင်သည် တဖြည်းဖြည်း သူ့မျက်လုံးများကိုပိတ်လိုက်ပြီး ယဲ့ချန်၏လည်တိုင်ကျော့ကျော့ကို ခိုတွဲလိုက်သည်။

နောက်ဆုံးတော့ ယဲ့ချန်ဘက်မှ ပြန်လည်ဦးဆောင်နိုင်ခဲ့လေပြီ။ ရှက်ရွံ့ခြင်းကင်းစွာဖြင့် သူချစ်သောသူကို လွတ်လပ်စွာ နမ်းရှိုက်နိုင်ပြီဖြစ်သည်။ ဒီခံစားချက်က လုံး၀အံ့အားသင့်စရာပဲ။

အဲဒီ့နောက် နေအပူရှိန်ပြန်မကျခင် နေ့လည်ခင်းလေးမှာ နှစ်ဦးသား တစ်မှေးလောက် ထပ်အိပ်ကြသည်။ ငါးနာရီထိုးချိန်မှာတော့ ယဲ့ချန်သည် ကျောင်းဂိတ်၀သို့ ချင်းလောင်နောက်မှ လိုက်ထွက်ခဲ့လေသည်။

"ငါ့ကိုအိမ်ခေါ်သွားမယ်ဆိုတာ သေချာပြီလား"

ယဲ့ချန်သည် ဒီနေ့တစ်နေ့လုံး နည်းနည်းလေး အိပ်မက်ဆန်နေသည်ဟုသာ ခံစားမိနေသည်။ ချင်းလောင်က သူနှင့်အတူရှိရန် ကတိပေးခဲ့ရုံသာမက သူ့အမေနှင့်တွေ့ရန် အိမ်ကိုပါ ခေါ်သွားဦးမည်တဲ့။

အတန်းဖော်အနေနဲ့တောင်မဟုတ်။ ချစ်သူကောင်လေးအဖြစ် မိတ်ဆက်ပေးမှာဖြစ်သည်။

"သေချာတယ်..."

ချင်းလောင်သည် သူ့ကို စိတ်မရှည်ဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုကြီးရေ... ငါပြောခဲ့တာ လေးကြိမ်တောင်ရှိသွားပြီ။ နောက်တစ်ခါ ထပ်မေးရင် ငါမင်းကိုရိုက်ဝောာ့မှာနော်"

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now