(Unicode)
Chapter (40.2)–ပျာယာခတ်ပြီး ဆုံးရှုံးရမှာကြောက်တဲ့စိတ်မျိုး
ချင်းဖုန်းတစ်ယောက် ဒီနေ့အလုပ်ပြီးသည်နှင့် အိမ်ပြန်လာကာ ရေချိုးပြီးပြီးချင်းမှာပဲ ယန်ဟန့်ထံမှ ဖုန်း၀င်လာသည်။
ဟုတ်သည်။ ဖုန်းခေါ်သူက ရှောင်လောင်ရဲ့ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ယန်ဟန်ဖြစ်သည်။
မာနကြီးကာ အထက်စီးဆန်သော အဲဒီ့လူကို သူ့မျက်လုံးထဲ ကြည့်မရပေ။ ဒီနေ့တော့ ထိုသူက သူ့ဆီ အရင်ဦးစွာ ဖုန်းခေါ်လာခဲ့လေပြီ။
ချင်းဖုန်း နှာမှုတ်ကာ ဒီလိုအထက်စီးဆန်သူက ဘယ်လိုကိစ္စကြောင့် သူ့ဆီဖုန်းခေါ်တာဖြစ်နိုင်လဲ စဉ်းစားလိုက်သည်။
တစ်ခုပဲရှိသည်။ ရှောင်လောင့်ကိစ္စပင်။
သူသည် စောစောက လှောင်ပြောင်လိုစိတ်ကို အဝေးပို့လိုက်ပြီး အမြန်ဖုန်းကိုင်လိုက်သည်။
သူ့ဘက်က အရင်ပြောမှာကို မစောင့်ဘဲ တစ်ဖက်လူက အဆောတလျင်ပြောလာသည်။
"ချင်းဖုန်း... ချင်းလောင် ဖုန်းခေါ်သေးလား။ သူမင်းကုမ္ပဏီဆီကိုရော လာသေးလား"
ချင်းဖုန်းသည် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး တစ်ပြိုင်နက်ပင် ဒေါသတကြီး ပြန်မေးလိုက်သည်။
"ဘာဖြစ်ကြတာလဲ။ သူက မင်းရဲ့ဇာတ်လမ်းမှာ သရုပ်ဆောင်နေတာမဟုတ်ဘူးလား။ သူထွက်သွားတာလား။ မင်းကြောင့်ပဲမလား"
ယန်ဟန် ခဏလောက် တိတ်ဆိတ်သွားသည်။
"တောင်းပန်ပါတယ်။ နည်းနည်းအထင်လွဲစရာလေးဖြစ်သွားလို့။ ငါအခု သူ့ကိုလိုက်ရှာနေတာ။ ပြီးရင်..."
ချင်းဖုန်း နှာမှုတ်သည်။
"ဟမ့်... မင်းဘာသာပဲ လုပ်ခဲ့တာလေ။ အခုတော့ ရှောင်လောင့်ကို မင်းဆီ ပြန်ရောက်အောင် မလှည့်စားနိုင်ဝောာ့ဘူး မဟုတ်ဘူးလား..."
"အစ်ကိုကြီး..."
ယန်ဟန် ဖြတ်ပြောလိုက်သည်။
(လေပြည် - အားးးးးးးး ယန်ဟန်က ချင်းဖုန်းကို လောင်လောင်ခေါ်သလို လိုက်ခေါ်နေတယ် ယန်ဟန်က ချစ်စရာကြီးကွာ 😂😂😂)
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...