159 32 10
(Unicode)
Chapter (38.1)–မင်းဆက်ကြည့်နေရင်ကိုယ်ပိုပြီး'မာ'လာ‌ဝောာ့မယ်
တစ်လကြာပြီးနောက်....။
'သို့ရှင်း' ဇာတ်လမ်းရိုက်ကူးရေးအဖွဲ့၏ ညစာပါတီ၌.....။
ချင်းလောင် ဝိုင်နှစ်ခွက်ဝောာင် သောက်ပြီးလေပြီ။ သူ့ရဲ့အမူးဒဏ်ခံနိုင်ရည်က သိပ်မများ။ အဲဒီ့အထဲ ဝိုင်ဖြူလည်းအတူတူပင်။
သို့သော် 'သို့ရှင်း' ထဲမှာ သရုပ်ဆောင်ရမည့် သူ့ဇာတ်ကောင်က ဒုတိယဇာတ်လိုက်ဖြစ်သည်။
သူကသိပ်မကျော်ကြားသူဖြစ်သည့်အပြင် ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာကို သူမသောက်နိုင်ကြောင်း ပြောလိုက်ပါက အနည်းငယ်ရှက်ဖို့ကောင်းပေလိမ့်မည်။
ကံကောင်းထောက်မစွာပဲ သူတို့စားပွဲမှာ သရုပ်ဆောင်ဆိုလို့ သူတစ်ယောက်တည်းရှိတာ မဟုတ်သလို ဒီပွဲက ဖျော်ဖြေရေးသက်သက်လည်း မဟုတ်ပေ။
ရိုက်ကူးရေးအတွက် ကင်မရာက မနက်ဖြန်ကျမှ *သူ့နောက်လိုက်မှာဖြစ်သည်။ ဒီတော့ ဒီလိုအချိန်မှာ ချင်းလောင်အတွက် သူတို့ဘယ်လောက်ပဲ လောင်းထည့်ပေးပေး **မဖြစ်မနေ သောက်ရန်မလိုပေ။
(*သရုပ်ဆောင်တွေ နားချိန်မှာ behind the scenes အတွက် နောက်ကနေ ဗွီဒီယိုလိုက်ရိုက်တာ)
(** ကင်မရာနဲ့ ချိန်ထိုးခံရချိန်မျိုး မဟုတ်တာကြောင့် အားနာပြီး မဖြစ်မနေ သောက်ဖို့မလိုဘူး။ ကိုယ့်ဆန္ဒအတိုင်းနေလို့ရတယ်)
မှန်သည်။ သူတို့ဟာ အဓိကဇာတ်လိုက်နေရာကို သရုပ်ဆောင်မည့်လူက ဘယ်သူလဲဆိုတာကို မကြေငြာသေးပါချေ။ ထို့အပြင် အဲဒီ့လူကလည်း ဒီညစားသောက်ပွဲကို မလာခဲ့ပါ။
သူဟာ တော်တော်လေး ထူးခြားသူဖြစ်လောက်မယ်လို့ တွေးမိကြပေမဲ့ ဘယ် big shot ကြီးလဲဆိုတာတော့ သူတို့တွေ မသိရသေးပါချေ။
ချင်းလောင်လည်း သူ့ဘာသာတွေးတောရင်း restroom ရှိရာဆီ ထွက်လာခဲ့သည်။
သီးသန့်ခန်းထဲမှ ထွက်လိုက်သည်နှင့် ဟောခန်းထဲက စားပွဲတွေနှင့် ၀န်ထမ်းတွေကို တွေ့လိုက်ရသည်။ ဆူညံသံတွေက သူကော်ရစ်ဒါကိုရောက်သည့်အချိန်အထိ နောက်မှ လိုက်ပါလာဆဲပင်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationTempat cerita menjadi hidup. Temukan sekarang