229 51 12
[Unicode]
Chapter (5.1) – ဆယ်နှစ်တာရင်းနှီးခဲ့တာတောင် မကွဲသေးတဲ့ ဥတစ်လုံးပဲရတယ်။
ချန်းကျစ်ယွီသည် အဖြူရောင်အားကစား၀တ်စုံကို ၀တ်ဆင်ထားပြီး နဖူးမှာလည်း အဖြူရောင်ခေါင်းစည်းကိုပတ်ထားကာ အရှေ့ဘက်ရှိ အညိုရောင်ဆံပင်တို့က နဖူးပေါ် ဝဲကျနေသည်။
ထို့ပြင် သူဟာ အဖြူရောင်လက်ပတ်၊ အဖြူရောင်အားကစားဖိနပ်တို့အပြင် ရှူးဖိနပ်ကြိုးကပါ အဖြူရောင်ဖြစ်နေသေးရာ club ရှေ့တွင် ရပ်စောင့်နေသည့် သူ့တစ်ကိုယ်လုံး အဖြူရောင်တွေ တောက်ပနေတော့သည်။
ချင်းလောင်နှုတ်ခမ်းတွန့်သွားရသည်။ သူကတော့ ကျောင်းသွားတဲ့ပုံစံလိုမျိုး  တောက်ပနေအောင် မ၀တ်ဆင်ရဲပါချေ။
သို့သော် ချန်းကျစ်ယွီကတော့ တစ်ယောက်ယောက်သာ သူ့ကိုပြန်ပေးဆွဲချင်ပါက ရှာစရာမလိုလောက်အောင် သူ့ကိုယ်သူ မီးထိုးပြနေသည့်နှယ်။
ချင်းလောင်ကားထဲက ထွက်လာသည်ကိုကြည့်ရင်း တစ်ကိုယ်လုံးဖြူနေသည့် ချန်းကျစ်ယွီတစ်ယောက် အဖြူရောင်သွားတို့ကို လှစ်ဟပြလိုက်သည်။
— အား..... ဖာ့ခ်... မျက်စိကျိန်းတယ်ကွ...။
အဖြူရောင်၏အလင်းပြန်မှုကြောင့် ချင်းလောင်မျက်စိကျိန်းကာ ကန်းတော့မည်ဟု ခံစားရသည်။ သို့သော် သူသည်းခံကာ 'အစ်ကိုယွီ' ဟု‌ ခေါ်လိုက်သည်။
ချန်းကျစ်ယွီသည် သူ့မေးစေ့သူပွတ်ရင်း ချင်းလောင်ကို အထက်အောက် စုန်ဆန်ကြည့်သည်။
"အခုတစ်လော မင်းတော်တော်လေးဝိတ်ကျသွားတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်နေပုံပဲ"
ချင်းလောင် မျက်ခုံးပင့်လိုက်သည်။
— ယို့... မင်းငါ့ကိုအာရုံစိုက်နေတာလား ကောင်လေး...။ ဘာလဲ မင်းထက်ခန့်ငြားချောမောလာမှာ ကြောက်လို့လား။
ချင်းလောင်တစ်ခွန်းမှပြန်မပြောဘဲ ပြုံးပြကာ ချန်းကျစ်ယွီနောက်ကလိုက်လာသည်။ ဓာတ်လှေကားဟာ ချင်းလောင်နှင့် သူ့ဘေးက ပြီးပြည့်စုံသော တော်၀င်မင်းသားလေးချန်းနှင့်အတူ တဖြည်းဖြည်း မြင့်တက်လာသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now