(Unicode)
Chapter (14.1) - ဂန္ဓမာပန်းလေး နာနေပြီ
"......"
ချင်းလောင်သည် တက်စီပေါ်တွင် အားနည်းဖျော့တော့စွာထိုင်နေရင်း ရုတ်တရက်တက်လာသော အမှောင်ဖုံးမှုရမှတ်ကြောင့် ထူးပြီး မအံ့ဩတော့ပေ။ သူ system ကိုမေးလိုက်သည်။
"နှစ်သက်မှုကရော..."
system သည် သူ့ host သေမလိုဖြစ်နေကြောင်း ခံစားမိသည်။"နှစ်သက်မှုက အခုဆိုရင် ၉၀ ဖြစ်နေပြီ။ ဒါနဲ့... မင်းကဘာလို့ ထွက်ပြေးလာတာလဲ။ မင်းရဲ့ gong အိုကြီးက မင်းကိုချစ်ပြီး အတူရှိချင်တာ သေချာနေပြီလေ။ ဒါပေမဲ့ မင်းက သူ့ကိုဒီလိုငြင်းလိုက်တယ်ဆိုဝောာ့ သူ့စိတ်တွေ အမှောင်ထုထဲ ကျကုန်ပြီပေါ့"
"ငါမပြေးရင် သူ့ကျင့်သားရအောင်လုပ်နိုင်ဖို့ ဘယ်လိုအခွင့်အရေးရနိုင်မှာလဲ။ ပြီးတော့ ငါ့ကို သင်ခန်းစာပေးဖို့ရောပေါ့။ တက္ကသိုလ်က အကြာကြီးတက်ရဦးမှာ။ သူငါ့ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သူ့ကိုယ်သူ သိလောက်မယ်မထင်ဘူး"
ချင်းလောင်ရှင်းပြသည်။
"ဒါက ငါလုပ်ချင်လို့ လုပ်နေတာမဟုတ်ဘူး။ မူလပိုင်ရှင်သာဆိုရင် ဒီလိုလုပ်မှာ သေချာလောက်တာမို့လို့ပဲ။ သူက ကလေးဘ၀ကတည်းက လှောင်ပြောင်သရော်မှုတွေ၊ ရှုံ့ချမှုတွေကို ခံခဲ့ရတာ။ သူ့နှလုံးသားက မခိုင်မာဘူး။ အရမ်းကျိုးပဲ့လွယ်တယ်။
သူ့ရဲ့အရင်က အထက်စီးဆန်တဲ့ ပုံရိပ်က ရှုပ်ထွေးနေတဲ့ သိမ်ငယ်စိတ်ကိုကာကွယ်ဖို့ လုပ်ယူထားတဲ့ ဒိုင်းကာတစ်ခုအပြင်မပိုဘူး။ သူ့အတွက်တော့ ယဲ့ချန်ရဲ့အချစ်က အရမ်းပူပြင်းလွန်းတယ်။
သူကဒါကိုမလိုချင်တာမဟုတ်ဘဲ မထိရဲတာပဲ။ အမှိုက်တစ်စလေးတောင်မကျန်ဘဲ လောင်မြိုက်ခံလိုက်ရမှာကို သူကြောက်တယ်။
ငါ့ရဲ့အမေအလှလေးပြောတာ မင်းမကြားခဲ့ဘူးလား။ ငါတို့ K မြို့တော်မှာ ဆက်နေလို့မရတော့ဘူး။ ငါ့ရဲ့အမေအလှလေးက လက်၀တ်ရတနာ ဒီဇိုင်နာလေ။
ပြီးတော့ သူမက ကုမ္ပဏီကြီးတော်တော်များများနဲ့ အလုပ်တွဲ လုပ်ဖူးတယ်။ ဒါပေမဲ့ အခုတော့ K မြို့ကလုပ်ငန်းတွေက သူမကို လက်မခံကြတော့ဘူး။ ဒါဘာအဓိပ္ပာယ်လဲ"
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...