183 39 8
(Unicode)
Chapter (21.1)–နှစ်သက်မှုတန်ဖိုး ၁၀၀ ပြည့်ပြီ
သူတို့ဘယ်လိုပဲ ချိုမြိန်နေပါစေ။ ဘယ်လောက်ပဲ ကြိုးစားနေပါစေ။ ခန့်မှန်းထားသည့်အတိုင်း နေ့ရက်တစ်ရက်ဟာ ရောက်လာစမြဲပင်။
ယွီဖန်း၏ အပြီးသတ်လက်ရာများသည် နာမည်ရှိသော ဆရာသခင်တစ်ယောက်၏လက်ရာကို ကူးချထားသည်ဟု စွပ်စွဲခံရပြီး ဒိုင်များထံမှ အဆုံးအဖြတ်ကိုဝော့ နောက်တစ်ပတ်ကြာမှ သိရမှာဖြစ်သည်။
ဒီသတင်းကို ကြားချိန်မှာ ချင်းလောင်အနည်းငယ် အံ့အားသင့်သွားခဲ့ပေမဲ့ အလျှင်အမြန်ပဲ နားလည်သွားခဲ့သည်။
အရင်ကတည်းက ခန့်မှန်းထားတဲ့ အခြေအနေတစ်ခုမို့ သိပ်တော့ထိတ်လန့်မသွားပါ။
လအနည်းငယ်အတွင်းမှာ မီလီယံ၀က်မှသည် တစ်ဆယ်မီလီယံရအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဒီတော့ ငွေနှင့်ဖြားယောင်းတာက သူတို့အတွက် အလုပ်မဖြစ်နိုင်ဝော့တာမို့ ပစ်မှတ်အသစ်အဖြစ် အမေအလှလေးကို တိုက်ရိုက်ချိန်လိုက်ကြတာဖြစ်သည်။
ယဲ့ချန်၏ အလေးအနက်ဖြစ်နေသော အမူအရာကိုကြည့်ကာ ချင်းလောင်ညင်သာစွာ ပြောလိုက်သည်။
"ငါတို့ပြန်သွားပြီး သူတို့နဲ့ စကားပြောရအောင်။ မစိုးရိမ်ပါနဲ့။ ငါမင်းအတွက် အများကြီးပြင်ဆင်ထားတယ်။ အရင်တုန်းကလို အစကတည်းက လက်လျှော့တာမျိုး မလုပ်ပါဘူး။ အခုတော့ မင်းဘာပြောပြော ငါယုံကြည်တယ်။ ငါတို့အတူတူ ရင်ဆိုင်ကြမယ်"
ယဲ့ချန်သည် ချင်းလောင်၏နဖူးပေါ် နမ်းလိုက်သည်။
"ကလေးလေး... ကျေးဇူးတင်ပါတယ်။ ပြီးတော့ ငါမင်းကိုချစ်တယ်"
[ဒင်... ယဲ့ချန်၏နှစ်သက်မှုတန်ဖိုး (2) လက်ရှိ နှစ်သက်မှုတန်ဖိုး (100)]
ချင်းလောင်အံ့အားသင့်နေကာ သူနဖူးသူ ထိလိုက်သည်။ သူ့မျက်လုံးတွေက နူးညံ့နေပြီး သူပြောနေစဉ်တစ်လျှောက်လုံး ယုံကြည်မှုတွေလည်း ပြည့်၀နေသည်။
...........
ယဲ့ချန်သည် ဖန်းမိသားစုအိမ်တော်ဆီ အမြန်ပြန်သွားခဲ့သည်။ သူ့မိဘတွေကလည်း သူပြန်လာမယ်ဆိုတာသိလို့ အစောကြီးကတည်းက စောင့်မျှော်နေခဲ့ကြသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now