[Unicode]
Chapter (1.2) - အမေ... ကျွန်တော် ဝိတ်ချချင်တယ်
"ကျွန်တော်က zero zero ပါ။ 25 ကတော့ ကျွန်တော့်အစ်ကိုပေါ့။ သူကနည်းနည်းစိတ်ဆတ်လို့ပါ။ host ရေ ကျွန်တော်တို့ကို report မတင်လို့ရမလားဟင်"
ဒီ system လေးကတော့ ချစ်စရာကောင်းတာတွေရောင်းနေပြီး သနားစဖွယ်ကောင်းလောက်အောင်ပင် emoticon package များကို ပို့ပေးလေသည်။
"......."
- System မှာလည်း စရိုက်ကွဲတာမျိုး ရှိနိုင်လား။ ဒီ လုပ်ဆောင်ချက်က ဘာကြီးလဲဟေ့။ 25+0= 250 လား။
"ကျွန်တော့်မှာစရိုက်ခွဲမရှိပါဘူး။ ဟီးဟီး... ကျွန်တော်တို့က ပင်မ system ရဲ့ အစိတ်အပိုင်းတွေဆိုပေမဲ့ system တစ်ခုတည်းတော့ မဟုတ်ပါဘူး"
system က ရှင်းပြသည်။
"ကျွန်တော့်အစ်ကိုကြီးက ကျွန်တော့်ကိုအရမ်းကပ်တာမို့လို့ host ရေ... ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့နော်။ ကျွန်တော်သူ့ကို ကောင်းကောင်းဆုံးမပါ့မယ်။ ဒါဆိုရင်... ကျွန်တော်တို့ကို အဲဒီ့နာမည် 250 ဆိုတာကြီး မခေါ်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော့်အစ်ကိုကြီးက အဲဒါကိုသဘောမကျလို့ပါ"
"အိုး... အိုကေ..."
အကြောင်းပြချက်အချို့ကြောင့် ချင်းလောင်၏စိတ်ထဲ အတွေးတစ်ခုဖျတ်ခနဲ၀င်လာသည်။
self-gong နဲ့ self-shou... တော်တော်လေးအသေးစိတ်ကျလောက်အောင် ကောင်းမွန်တဲ့ evil system ပဲ။ သူအရင်ကသဘောမကျခဲ့သလို လေးစားမှုလည်းမရှိဘူး။
ဒီကမ္ဘာက တက္ကသိုလ်ကျောင်းနှင့်သက်ဆိုင်သော အချစ်၀တ္တုတစ်ပုဒ်ဖြစ်သည်။ ခေါင်းစဉ်ကတော့ တုံးအပြီး နာကျင်စရာကောင်းလို့ သူပြောတောင်မပြောချင်တော့ဘူး။
၀တ္တု၏အဓိကအကြောင်းအရာကတော့ 'ဖားတစ်ကောင်မှ မင်းသားလေးအဖြစ်ပြောင်းလဲသွားပြီးနောက် မင်းသမီးလေးနှင့် လက်ထပ်လိုက်ခြင်း' ဟူသော ချိုမြိန်သည့် အချစ်ပုံပြင်လေးဖြစ်သည်။
အမျိုးသမီးဇာတ်လိုက်၏ အမည်က ဟန်ဟန်ဖြစ်သည်။ သူမက စိတ်ထားဖြူစင်ကာ ချမ်းသာရုံမက ကြင်နာတတ်ပြီး လှပသောမိန်းကလေးဖြစ်တာမို့ ကျင်းချန်အထက်တန်းကျောင်း၏ ကျောင်းအလှပန်းလေးလည်းဖြစ်သည်။
KAMU SEDANG MEMBACA
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomansaDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...