(Unicode)
Chapter (29.2)–ပိုင်ယွဲ့သေပြီဆိုတာ သူမသိခဲ့...
ချင်းလောင်သည် ယန်ဟန့်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတာကြောင့် ရိုးရိုးရှင်းရှင်းပင် ကိုယ်ကိုဘေးစောင်းလဲလျောင်းပြီး မျက်လုံးမှိတ်ထားလိုက်သည်။
— တစ်ကယ်တမ်း သူ့ကိုပြောပြော၊ မပြောပြော ဘာများထူးခြားသွားမှာမို့လို့လဲ။ သူတို့က ကွာရှင်းပြီးပြီမဟုတ်လား။
— ယန်ဟန်နဲ့ပိုင်ယွဲ့တို့ သူတို့ဆက်ဆံရေးကို ရှေ့ဆက်တာဖြစ်ဖြစ်၊ သူစိမ်းတွေလို ဆက်နေသွားတာဖြစ်ဖြစ် သူနဲ့ဘာမှမဆိုင်တော့ဘူးမဟုတ်လား။
— တစ်ကယ်ပါပဲ။ သူ့ခင်ပွန်းဟောင်းကို ဘာလို့စိတ်ပူနေမိသေးတာလဲ။
ဒီအကြောင်းတွေးပြီးနောက် ချင်းလောင် တစ်ကယ်ပဲ ထပ်မံအိပ်ပျော်သွားပြီး မွှေးပျံ့တဲ့ရနံ့တစ်ခု နှာဖျားကို လာကျီစယ်ချိန်မှပဲ နိုးလာတော့သည်။
မည်သို့ဆိုစေ တစ်နေ့လုံး သူဘာမှ မစားရသေးတာကြောင့် ဗိုက်က အတော်လေးကို ဆာလောင်နေလေပြီ။
"အမေလား..."
ချင်းလောင်မျက်လုံးဖွင့်လိုက်တော့ သူ့ကုတင်ဘေးတွင် အလုပ်များနေသော ယန်ဟန့်အမေကို တွေ့လိုက်ရသည်။
ခေါ်မိပြီးမှ သူမှားယွင်းသွားကြောင်း သတိရကာ ပြောင်းခေါ်လိုက်သည်။
"အန်တီ..."
အစကပြုံးပြုံးလေးရှိနေရင်း အစားအသောက်များ ထည့်နေသည့် အမေယန်၏မျက်နှာမှာ ထိုခဏ၌ အေးခဲသွားလေသည်။ သူမ ချင်းလောင်ကို ပြောလိုက်သည်။
"အမေကတော့ သားဆီက 'အမေ'ဆိုတဲ့ ခေါ်သံလေးကို နားထောင်ရတာ သဘောကျနေတုန်းပဲ"
"......."
ချင်းလောင် ပြန်မဖြေပေ။ အဲဒီ့နောက် သူမေးလိုက်သည်။
"အမေ... ဘာလို့ ဒီကိုရောက်လာတာလဲ။ ယန်... မစ္စတာယန်ပြောတာလား"
"မဟုတ်ပါဘူး"
သူမသည် ချင်းလောင်ထိုင်နိုင်ရန် ကူညီပေးကာ လက်ထဲသို့ ဇွန်းတစ်ချောင်း ထည့်ပေးသည်။
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...