(Unicode)
Chapter (42.1)-ဖာ့ခ် လုပ်နိုင်စွမ်းမဲ့နေပြီ
"ဟမ့်..."
ချင်းလောင်မျက်လုံးမှိတ်ထားရင်း နှာမှုတ်လိုက်သည်။
"25 နဲ့ Zerozero ပြောစရာတစ်ခုခုများ ရှိသေးရဲ့လား"
system နှစ်ခု : "....."
Zerozero: အစ်ကိုကြီး နောက်ပိုင်းကျရင် အလုပ်လုပ်နေရင်း ကျွန်တော့်ကို ဖျားယောင်းသွေးဆောင်တာမျိုး မလုပ်နဲ့တော့နော်...
25 : မြောင် မြောင် မြောင်... ဒါက သူ့အပြစ်ဖြစ်သွားတာလား...
ချင်းလောင်သည် သူ့ပတ်ဝန်းကျင်မှာ ခြေသံများ ထွက်လာသည်နှင့်အမျှ အေးစက်နေသော မြေပြင်ပေါ်တွင် ချည်နှောင်ခံထားရသည့် အနေအထားအတိုင်း မလှုပ်မယှက် နေလိုက်သည်။
အသံနှင့် ပဲ့တင်သံအရ စွန့်ပစ်ထားသော စက်ရုံ သို့မဟုတ် တစ်ခုခုဖြစ်နိုင်သည်ဟု သူ ကောက်ချက်ချလိုက်သည်။
- ဟေး... သူကဘာလို့ ခန့်မှန်းနေရသေးတာလဲ။ သူ့မှာ system ရှိတယ် မဟုတ်ဘူးလား။
- ဟုတ်ပါတယ်။ ဒါပေမဲ့ ဒင်းတို့ နှစ်ကောင်စလုံးက သုံးစားလို့မှ မရတဲ့ဟာ...
"ကြီးမြတ်လှတဲ့ host ရေ... ကျွန်တော်တို့ ဂရုတစိုက် စဉ်းစားဆင်ခြင်ပြီး အရန်အစီအစဉ်တစ်ခု ပေါင်းထည့်ထားပါ့မယ်။ အဲဒါဆို နောက်ပိုင်း အစ်ကိုကြီးနဲ့ကျွန်တော်တို့ 'လုပ်' နေကြချိန်မှာတောင် host ရဲ့ခေါ်သံကို ကြားနိုင်မှာပါ"
ဖြောင့်မတ်သည့် Zerozero က ရိုးသားစွာဖြင့် ထုတ်ဖော်ပြောကြားလာသည်။ ချင်းလောင်ကတော့ ခဏလောက် ဘာပြန်ပြောရမည်မသိတော့ပါ။
"ဒါဆိုနောက်တစ်ခါ မင်းတို့ အဲဒါ'လုပ်'တော့မယ်ဆိုရင် ငါ့ကိုကြိုပြောထားပေးလို့ရမလား"
Zerozero: "အိုကေပါ... ကြီးမြတ်လှတဲ့ host ရေ...'
25 : "......"
- သူတစ်ခုခု မှားနေတယ်လို့ အမြဲခံစားနေရတာ။ ဒီအတိုင်း စိတ်ထင်တာ သက်သက်ပဲလား။
ချင်းလောင်သည် ခွေးစာများကို တိတ်တိတ်လေးမျိုချလိုက်ပြီးနောက် စီးပွားရေးဆန်ဆန် မေးလိုက်သည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...