(34.1)ဇနီးလေးကိုကျီစယ်မယ်/ဇနီးေလးကိုက်ီစယ္မယ္

370 50 0
                                    

(Unicode)

Chapter (34.1)-ဇနီးလေးကိုကျီစယ်မယ်

"ယန်ဟန်... မင်းဘယ်အချိန်ကတည်းက ဒီလိုဖြစ်လာတာလဲ"

ချင်းလောင်သည် ဆိုးဆိုးရွားရွားတစ်ခုခု ပြောပစ်ချင်သော်လည်း သူပြောလိုက်မိပါက သူ့ကိုသာ ** ဖြစ်သွားစေနိုင်တာမို့ စကားလုံးတွေကို ပြန်မျိုချလိုက်သည်။

ထို့နောက် အေးစက်စက်မျက်နှာပေးဖြင့် ယန်ဟန့်ကို တွန်းထုတ်လိုက်ပြီး အိပ်ရာပေါ်တွင် ကျောပေးကာ လဲလျောင်းလိုက်သည်။

ဒီအခန်းထဲတွင် အိပ်ရာတစ်ခုတည်းမဟုတ်ဘဲ ဟိုတယ်မှ standard room ကဲ့သို့ပင် အိပ်ရာနှစ်ခု ထားပေးလေသည်။

အခန်းကလည်း သိပ်မကျဉ်းတာမို့ လူနှစ်ယောက်နေရန်အတွက် သင့်တော်သည်။

ချင်းလောင်သည် အခန်းကိုရော ပါတနာကိုပါ လဲပစ်နိုင်ခြင်း မရှိတာကြောင့် ဒီအတိုင်း လဲလျောင်းနေသော်လည်း မျက်လုံးပိတ်မထားဘဲ နံရံကို စူးစိုက်စွာကြည့်နေသည်။

သူတို့နှစ်ယောက်ဟာ တိတ်တဆိတ် လက်ထပ်ထားသူတွေဖြစ်ကြောင်း ယန်ဟန်က ဒါရိုက်တာကိုပြောခဲ့တာကြောင့် တခြားသူတွေနဲ့နေဖို့ မသင့်တော်တော့ပေ။

အကယ်၍ သူတို့ကွာရှင်းထားကြောင်း သူတစ်ကယ်ပြောလိုက်လျှင်လည်း ယန်ဟန်က program team ဆီသွားကာ မဟုတ်ကြောင်း ပြောပေလိမ့်ဦးမည်။

အဲဒီ့အခါကျ အတင်းအဖျင်းတွေဟာ လှိုင်းလုံးကြီးတစ်ခုလို ဖြစ်လာပေလိမ့်မည်။

ဒီ program team မှာ လူတွေကနည်းတာမဟုတ်။ ဂရုမစိုက်မိပါက အပြင်ကို သတင်းစိမ့်ထွက်သွားနိုင်သည်။

ချင်းလောင်စိတ်ဆိုးမာန်ဆိုးဖြင့် သက်ပြင်းရှိုက်လိုက်သည်။ ယန်ဟန့်ဘက်က သူ့ကိုသေအောင်မရိုက်သ၍ သူလုပ်နိုင်တာ မရှိဝောာ့ပေ။

(လေပြည်- ယန်ဟန်က သူ့ဇနီးလေးကို သေအောင်မရိုက်ရက်ပါဘူး။ သေအောင်ပဲ * လုပ်မှာ။ ဆောရီး မနေနိုင်တော့လို့ 😂)

---------------

တစ်မနက်လုံး အလုပ်လုပ်ခဲ့ရတာကြောင့် ချင်းလောင် တစ်ကယ်အိပ်ပစ်ချင်နေလေပြီ။ နောက်ကျောတွေ တောင့်တင်းနေပေမဲ့ ဒီအတိုင်း အိပ်ပျော်သွားဟန်ဆောင်လိုက်သည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDove le storie prendono vita. Scoprilo ora