(Unicode)
Chapter (41.2)–ချင်းလောင်ပြန်ပေးဆွဲခံရပြီ
ဒီလိုမျိုး ချင်းလောင်၏ မယုံကြည်မှုက ယန်ဟန့်ကို နက်ရှိုင်းသည့် ရေခဲကန်ထဲတဖြည်းဖြည်း နစ်မြုပ်သွားသလို ခံစားရစေသည်။
— ချစ်သူတွေကြား အခြေခံအကျဆုံးအရာက ယုံကြည်မှုပဲ မဟုတ်လား။
လွန်ခဲ့သော လအနည်းငယ်အတွင်း သူကြိုးစားခဲ့သမျှဟာ ချင်းလောင်ရဲ့ မယုံကြည်မှုတွေကြောင့် ဖျက်ဆီးခံလိုက်ရပြီး ထောင်ပေါင်းများစွာသော အစိတ်အပိုင်းလေးတွေအဖြစ် ပြိုကွဲသွားကာ တန်ဖိုးမရှိတော့ပေ။
ကြောက်စရာအကောင်းဆုံးက တိတ်ဆိတ်နေခြင်း မဟုတ်ဘဲ အကြိမ်တစ်ထောင်လောက် ရှင်းပြရင်တောင် အဆုံးမှာ ကောင်ငယ်လေးက သူရှင်းပြသမျှ စကားလုံးလေးတစ်လုံးကိုတောင် မယုံကြည်တော့တာပင်။
— ဒီလိုကိစ္စကြောင့် ဘာလို့သူ့ကို အထင်လွဲသွားရတာလဲ။ ဘာကိုလက်စားချေတာလဲ။ ဘယ်ကိစ္စအတွက် လက်စားချေတာလဲ။
— reality show မှာ သူ လိုက်ကစားပေးတာ... ဒီဇာတ်ကားမှာ ၀င်သရုပ်ဆောင်ပေးတာတွေက ဘယ်သူ့အတွက်မို့လို့လဲ။ ချင်းလောင်က ဒါတွေကို မခံစားမိဘူးလား။
သူ့ဘက်က ဂရုမစိုက်ဘူးလို့ အမြဲပြောဖူးခဲ့ပေမဲ့ ဒီအချိန်မှာတော့ ချင်းလောင်က တကယ်ကို
ဂရုမစိုက်တော့ဘူးဆိုတာ ခံစားမိသည်။သူဟာ သူ့ကို ကူကယ်ရာမဲ့နေသည့်အတိုင်း ထားရစ်ခဲ့သည်။ သူ့ကိုထောင်ချောက်ထဲ မိအောင်လုပ်ခဲ့ပြီး ထွက်ပေါက်လေးပင် မပေးခဲ့ချေ။
ဖုန်းပြန်ကျသွားခဲ့လေပြီ။ သို့သော် ယန်ဟန်ကတော့ ဖုန်းကို နားအနီးမှာ ကပ်ထားလျက်ရှိနေဆဲပင်။
သူသည် ဖုန်းကို တင်းကျပ်စွာညှစ်ထားမိပြီး မျက်၀န်းတွေကလည်း ဒေါသလှိုင်းလုံးကြောင့် နီရဲနေသည်။
— ဘာလို့လဲ... လက်ထပ်ကြမယ်လို့ စပြောခဲ့တာလည်း သူပဲကို...။
— ဘာကြောင့်လဲ။ မင်းလက်ထပ်မယ်ဆိုလို့ လက်ထပ်ပေးခဲ့တယ်။ ကွာရှင်းမယ်ဆိုလို့လည်း ကွာရှင်းပေးခဲ့ပြီးပြီ။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...