(10.1)အမွေးဖွာတဲ့ shou လေးများ/အေမြးဖြာတဲ့ shou ‌ေလးမ်ား

247 53 20
                                    

[Unicode]

Chapter (10.1) – အမွေးဖွာတဲ့ shou လေးများ

ချင်းလောင်သည် ယဲ့ချန်ကိုနှစ်ရက်လောက်ကြာသည်အထိ စကားမပြောခဲ့ပေ။ ယဲ့ချန်ကလည်း တိတ်တိတ်ဆိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။

အချိန်သည် နောက်ဆုံးတစ်ကြိမ် စာသင်နှစ်၀က်ဆီ ပြန်ရောက်သွားသလိုဖြစ်နေသော်လည်း မတူတာက အရင်လို ရန်ဖြစ်ပြဿနာတက်တာမဟုတ်ဘဲ အချင်းချင်း ဂရုမစိုက်ဘဲ နေနေကြတာဖြစ်သည်။

ဒီအချိန်မှာတော့ သူတို့ဟာ ရှက်ရွံ့နေကြတာကြောင့်ဖြစ်ပြီး ဘယ်လိုမျက်နှာချင်းဆိုင်ရမည်ဆိုတာကို မသိကြပါချေ။

လွန်ခဲ့သည့်နှစ်ရက်တုန်းက ယဲ့ချန်သည် သူ့ကိုတိတ်တဆိတ်အာရုံစိုက်ခဲ့သည်။ အဲဒီ့နေ့ကတည်းက သူချင်းလောင်ကို ချစ်မိနေပြီဆိုတာ ခံစားမိခဲ့တာကြောင့် တခြားကောင်လေး၊ ကောင်မလေးတွေဆီ အာရုံစိုက်ကြည့်ခဲ့သည်။

ရလဒ်ကတော့ သူ့ကိုအံ့အားသင့်စေတာမျိုး ဒါမှမဟုတ် ယှဉ်ပြိုင်ချင်စိတ်ရော ဖြစ်မလာခဲ့ဘဲ ချင်းလောင်ကိုကြည့်ကာမှပင် နှလုံးခုန်မြန်လာတတ်လေသည်။

သူဟာ အစကတည်းက ဂေးတစ်‌ယောက်ဖြစ်ခဲ့တာမျိုး မဟုတ်ဘဲ ဒီကောင်လေးကိုကျမှ သဘောတကျနှစ်ခြိုက်မိသွားတာဖြစ်သည်။

ယဲ့ချန်သည် စိတ်တွေရှင်းလင်းသွားပြီးနောက် ချင်းလောင်နှင့် ပြန်လည်သင့်မြတ်လိုခဲ့သည်။ သို့သော်လည်း သူကလူတွေကို ချော့မြှူရာမှာ မကျွမ်းကျင်ပေ။

ချင်းလောင်သည် အလွယ်တကူပေါက်ကွဲလွယ်သော လူတစ်ယောက်ဖြစ်သည်။ သူထပ်ပြီးအစဖော်လိုက်ပါက ချင်းလောင်ဒေါသအမျက်ချောင်းချောင်းထွက်လာမှာကို သူကြောက်မိသည်။

ဒါပေမဲ့ ဒီရက်တွေထဲ စစ်အေးတိုက်ပွဲလိုဖြစ်နေတော့ စက္ကန့်တိုင်းက သူ့ကိုနှိပ်စက်ညှင်းပမ်းနေသလိုပင်။

-----------

နေ့လည်ရောက်ပြီမို့ အတန်းပြန်တက်ချိန်၌ ရူပဗေဒအချိန်တစ်ချိန်ရှိသည်။ ယဲ့ချန်သည် သူ့အစားအသောက်ပန်းကန်နှင့်အတူ ထုံးစံအတိုင်း ကန်တင်း၏ ထောင့်တစ်နေရာတွင် ထိုင်လေသည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora