(Unicode)
Chapter (28.1)–ထုန်ထုန့်အစွမ်းအံ့မခန်း
ကျင်းယွီကတော့ ဒီသတင်းတွေ ထွက်ထွက်ချင်း သူ့လူတွေကို ဖြေရှင်းစေသည်။
သို့သော် ထူးဆန်းတာက သူတို့ဘယ်လောက်ပဲ ဖျက်ချချ အသစ်တစ်ခုက တက်လာပြီး hot search ထဲကိုလည်း အမြန်ဆုံး ၀င်သွားစမြဲပင်။
ကျင်းယွီလည်း ချင်းလောင်ကိုတောင်းပန်ဖို့ရာ ဖုန်းသာခေါ်နိုင်တော့သည်။
"ရှောင်လောင်... အစ်ကိုတောင်းပန်ပါတယ်။ ဘာတွေဖြစ်ကုန်တာလဲဆိုတာ အစ်ကိုမသိတော့ဘူး။ ဒီအချိန်မှာ..."
ကျင်းယွီဘာအကြောင်းပြောနေလဲဆိုတာ ချင်းလောင်သိတာမို့ သူပြုံးလိုက်သည်။
"ရပါတယ် အစ်ကိုကျင်းယွီ... ကျွန်တော်အဆင်ပြေပါတယ်။ ဖျက်ချလို့မရဘူးဆိုရင်လည်း မဖျက်နေပါနဲ့။ ဒီအတိုင်း ထားလိုက်ပါ"
— ဘာပဲဖြစ်ဖြစ် အဲဒီ့လူက ဂရုစိုက်တာမှမဟုတ်တာ။ အခုအချိန်မှာ သူတို့ကြား ပတ်သတ်မှုမှ မရှိတော့ဘဲ။
ချင်းလောင်ကိုယ်တိုင် ဒီလိုပြောလာတော့ ကျင်းယွီလည်း ဆက်မပြောတော့ပေ။ အခုအချိန် အင်တာနက်ပေါ်မှာ အဆိုးမြင်တဲ့ comment တွေ မရှိသေးသလို သူလည်း တစ်ကယ်မကိုင်တွယ်နိုင်တော့ပါချေ။ နှစ်ဦးသား စကားအနည်းငယ်ပြောပြီးနောက် ဖုန်းချလိုက်သည်။
"အစ်ကိုကျင်းယွီ... ဒီငတုံးလေးကတော့လေ... ဒါပေါ့ ဒီလိုဖြစ်တယ်ဆိုတာက တစ်ယောက်ယောက်က တစ်ခုခု လုပ်ထားလို့ပေါ့ကွာ။ ဥပမာဆိုရင် ငါ့ရဲ့ ချစ်လှစွာသော ထုန်ထုန်လေးပေါ့"
ချင်းလောင် သူ့ဖုန်းကိုပစ်ချခဲ့ပြီး ရေသွားချိုးသည်။
"ထုန်ထုန်ရေ... ငါ့ရဲ့ခင်ပွန်းဟောင်းကြီး သ၀န်တိုနေလား။ မနက်တုန်းက နှစ်မှတ်တောင် တက်လာသေး..."
system က သူ့ကို စကားဖြတ်ပြောလိုက်သည်။
"သိလျက်နဲ့မေးနေသေးတယ်"
"ရိုးရိုးသားသားပြောရရင် ယန်ဟန့်ရဲ့နှစ်သက်မှုတိုးတာက နည်းနည်းမြန်လွန်းသလိုပဲ။ ငါတို့ကွာရှင်းတာ ရက်နည်းနည်းလေးပဲ ကြာသေးတာလေ။ ဟုတ်တယ်မလား"
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...