(Unicode)
Chapter (44.1)–နောက်ကွယ်ကတရားခံ
ချင်းလောင်နှင့် ယန်ဟန်တို့ အချင်းချင်း အတော်ကြာအောင် တင်းကြပ်စွာဖက်ထားကြသည်။
သူတို့ဘေးနားကလူတွေကတော့ ကားက မီးရောင်များ လင်းလက်တောက်ပနေသောမြို့ထဲ မောင်း၀င်လာကြောင်း သိလိုက်ရသည်နှင့် ၀မ်းနည်းကြောက်ရွံ့နေသည့် ခံစားချက်များ လျော့ပါးလာလေသည်။
သူတို့သည် နောက်တဖန် သတ္တိရှိလာကြပြီး ချင်းလောင်တို့နှစ်ဦးကို ခွဲလိုက်ကြပြန်သည်။
ချင်းလောင်သည် သူ့မျက်နှာပေါ်က မျက်ရည်များကို သုတ်ရင်း ဒဏ်ရာများကို ထိမိချိန်၌ ညည်းတွားလိုက်မိသည်။ ယန်ဟန်လည်း ချင်းလောင်ရဲ့အခြေအနေကို ကြည့်ချင်ပေမဲ့ ဘေးကလူက ခြိမ်းခြောက်လိုက်သည်။
"လျှောက်လှုပ်မနေဘဲ ကောင်းကောင်းထိုင်နေ... မဟုတ်ရင် ဒီနေရာမှာပဲ ကန်ချပစ်လိုက်မယ်"
ဒီအချိန်မှာတော့ ယန်ဟန်တစ်ယောက် သွားကိုတင်းတင်းကြိတ်ရင်း သည်းခံထားဖို့သာ တတ်နိုင်လေသည်။
ချင်းလောင်၏သတင်းကို သူရပြီးနောက် ချင်းဖုန်းဆီ သူအချက်ပြခဲ့သည်။
သူ့ကိုယ်ပေါ်မှာရှိတဲ့ electronic device က ဖုန်းတစ်မျိုးတည်းမဟုတ်ပေ။ ကံမကောင်းစွာဘဲ ဒီပြန်ပေးသမားတွေက တုံးအတာကြောင့် သူတို့ကိုယ်မှာ ရှာဖွေတာမျိုး မလုပ်ခဲ့ပေ။
သူနှင့် ချင်းလောင်တို့အနေဖြင့် ကောင်းကောင်းနေနေသမျှ ချင်းဖုန်းက သူတို့ရှိရာနေရာကို အတိအကျ ရှာဖွေနိုင်ပေလိမ့်မည်။
သို့သော် အဲဒီ့မတိုင်ခင် ဘယ်သူကချင်းလောင်ကို ပြန်ပေးဆွဲပြီး ဒုက္ခပေးချင်တာလဲဆိုတာ သူသိဖို့လိုသည်။
သူ့မျက်၀န်းထဲ မည်းမှောင်သော အကြည့်တစ်ချက် ဖျတ်ခနဲပြေးသွားသည်။ ချင်းလောင်က သူတို့ထိလို့မရတဲ့သူဆိုတာ အဲဒီ့လူကို သူသိစေချင်သည်။
ထိုစဉ်မှာ ချင်းလောင်၏အမူအရာသည် တည်ငြိမ်နေရာမှ ရုတ်တရက် အေးခဲသွားလေပြီ။
"ဘာဖြစ်တာလဲ..."
သူ့အရှေ့ကလူက ချင်းလောင်၏ အပြောင်းအလဲကို သတိထားမိလိုက်သည်။
DU LIEST GERADE
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomantikDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...