(Unicode)
Chapter (27.1)–ရုပ်ရှင်ဧကရာဇ်ယန်က အစားကြေးများသူတစ်ယောက်
"ကြီးမြတ်တဲ့ host ရေ... မင်း ပစ်မှတ်ဇာတ်ကောင်ကို ပြောင်းချင်နေတယ်လို့ ကျွန်တော်ကြားမိတယ်"
Zerozero က ဂရုတစိုက်မေးလာသည်။ ဒီလိုအခြေအနေမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးတာကြောင့် ဒီအကြောင်း 25 သူ့ကိုလာပြောတုန်းက host တစ်ခုခုကို ခန့်မှန်းမိသွားပြီဟုတွေးကာ ထိတ်လန့်သွားခဲ့ရသည်။
ဒီတစ်ခါက 25 အတွက် ပထမဆုံး system တာ၀န်ကို ထမ်းဆောင်တာဖြစ်တာကြောင့် ထိန်ချန်ထားရမဲ့ ကန့်သတ်ချက်တွေ ရှိနေသည်။
ချင်းလောင်ရယ်လိုက်သည်။
"ဟားဟား... ငါက ငတုံးလေး25 ကို စနောက်လိုက်ရုံလေးပါကွာ။ သူယုံသွားလိမ့်မယ်လို့တောင် မထင်ထားဘူး"
"QAQ"
Zerozero သက်ပြင်းချသည်။
"ကြီးမြတ်တဲ့ host ရေ... ဘာလို့အဲဒီ့လိုလုပ်ရတာလဲ။ ကျွန်တော့်အစ်ကိုကြီးခမျာ သေတော့မလိုပဲ"
"အဲဒီ့လောက်တောင် ဖြစ်သွားတာလား"
"အဟုတ်ပဲ..."
Zerozero က အလေးအနက်ပြောလာသည်။
"ဒါက အစ်ကိုကြီးလုပ်ရမဲ့ တာ၀န်လေ။ host ကို ကူညီပြီးတာနဲ့ သူနေရာပြောင်းလို့ရပြီ။ လက်ထပ်မှတ်ပုံတင်လည်း လုပ်လို့ရပြီ။ အဲဒါကြောင့် သူတအားအလုပ်ကြိုးစားနေတာ"
ချင်းလောင် ဆက်ပြီးမစနောက်တော့ပါချေ။
"အင်းပါ။ သူ့ကိုမစိုးရိမ်နဲ့လို့ပြောလိုက်ဦး။ ငါလည်းကောင်းကောင်းကြိုးစားပါ့မယ်။ Zerozero ရေ မင်းတို့ပျော်ရွှင်စေဖို့ ဆုတောင်းပေးတယ်နော်"
"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့ host ရေ... မင်းလည်းပျော်ရွှင်ပါစေနော်..."
စကားပြောပြီးသည်နှင့် Zerozero က သူ့ကိုနှုတ်ဆက်ကာ ပြန်သွားသည်။
25 ကတော့ သူ့ကိုစိတ်ဆိုးနေတာကြောင့် တစ်နေ့လုံးလျစ်လျူရှုထားသည်။ ဒီတော့ ချင်းလောင် အရမ်းပျင်းနေသည်ပေါ့။
ချင်းဖုန်း သူ့အတွက်ရှာပေးထားတဲ့နေရာက တိတ်ဆိတ်ပြီး အခန်းထဲမှာလည်း ဘာမှသိပ်မရှိပေ။ ဒီတော့ တစ်ယောက်တည်းနေရင်း ပိုပိုအထီးကျန်လာတော့သည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
VOUS LISEZ
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
Roman d'amourDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...