[Unicode]
Chapter (6.2) - တစ်နေ့ကို အခါသုံးရာပြော...
အခမ်းအနားပြီးသွားချိန်မှာတော့ ကိုယ့်အခန်းထဲကိုယ် ပြန်၀င်ခွင့်ရပြီဖြစ်သည်။ နောက်ဆုံးတော့ အဲကွန်းကလာသည့် လေအေးအေးတို့က သဲကန္တာရလို နေပူရှိန်ထဲကနေ အရိပ်ကို၀င်လာနိုင်ပြီဖြစ်သည့် ကျောင်းသားများကို ကယ်တင်ပေးလိုက်လေပြီ။
"ဟူး......."
ချင်းလောင်ထိုင်ချလိုက်ပြီး ကျောင်းယူနီဖောင်းကိုဖွင့်၊ အထဲက ရှပ်၏ ကြယ်သီးအချို့ကို ဖြုတ်လိုက်ရာ လှပသောညှပ်ရိုးလေး ပေါ်လာသည်။
ဒါက မိန်းကလေးများအား သူ့ကိုချောင်းကြည့်ချင်စိတ် ဖြစ်ပေါ်လာစေပြီး တစ်ခဏလောက် ရှက်သွေးဖြာသွားစေရန် လုံလောက်သည်။
ထိုစဉ်မှာ တစ်စုံတစ်ယောက်က သူ့ဘေးမှာ ၀င်ထိုင်လာသည်။ ယဲ့ချန်ကလွဲလို့ ဘယ်သူဖြစ်နိုင်မှာလဲ။
ဒီစာသင်နှစ်၀က်အတွက် ထိုင်ခုံတွေကို ဖွင့်ပွဲမကျင်းပမီ မနက်ကတည်းက ပြောင်းလဲထားပြီးပြီဖြစ်သည်။
သူတို့ဟာ အထက်တန်း တတိယနှစ်ကိုရောက်ပြီမို့ စာတော်သူနှင့် စာညံ့သူ အတူတွဲထိုင်ရသော စည်းမျဉ်းကို လိုက်နာစရာမလိုတော့ပေ။ အဲဒီ့အစား အဆင့်နှင့်တွဲပေးတာဖြစ်သည်။
ဒါပေမဲ့ အဆင့်မကောင်းတဲ့ ကျောင်းသားတွေကိုလည်း စုဝေးပြီး မနေစေချင်တာကြောင့် သူတို့ကို အရှေ့အနောက် ကျောင်းသားများကြားမှာညှပ်ကာ အလယ်တစ်ဝိုက်မှာ နေစေသည်။
ဒီတော့ ချင်းလောင်သည် ယဲ့ချန်နှင့် အတူတွဲ၍ပြန်ထိုင်ရပြီး ၀မ်ဟောက်တို့နှစ်ယောက်က သူတို့ရှေ့မှာပဲဖြစ်သည်။ သို့သော်လည်း အမျိုးသမီးဇာတ်လိုက်နှင့် ဒုတိယဇာတ်လိုက်တို့က အတူတူထိုင်ရန်ဖြစ်သွားသည်။ဟုတ်သည်။ မူလဇာတ်ကြောင်းထဲမှာတုန်းကလည်း ချင်းလောင်၏ ခလောက်ဆန်မှုတွေမပါဘဲ အမျိုးသမီးဇာတ်လိုက်နှင့် ဒုတိယဇာတ်လိုက်တို့ တစ်ခုံတည်းအတူတူကျသွားခဲ့သည်။
"ဘော့စ်... မင်းအရမ်းကြည့်ကောင်းနေတယ်"
နောက်လိုက်ကလေး လီဝူက မြှောက်ပင့်လိုက်ရာ ချင်းလောင်မျက်စိများကို မှေးကျဉ်းလိုက်သည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
רומנטיקהDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...