(13.2)အိပ်ယာပေါ်ကနေတောင် ထမရပါလား/အိပ္ယာေပၚကေနေတာင္ ထမရပါလား

269 45 30
                                    

(Unicode)

Chapter (13.2) အိပ်ယာပေါ်ကနေတောင် ထမရပါလား

နောက်တစ်နေ့မှာတော့ ချင်းလောင်သည် သူ့မျက်လုံးများကို အားနည်းပင်ပန်းစွာပဲ ဖွင့်လိုက်သည်။ ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က ယဲ့ချန်၏ ချောမောခန့်ငြားသောမျက်နှာဖြစ်သည်။

"အချိန်ကျခဲ့ပြီကွ.... ပထမဆုံးအနေနဲ့ ငါ့ကိုကူညီပေးသလို ဖြစ်သွခဲ့တဲ့ အတုအယောင်ချန်းကို ကျေးဇူးတင်ရမယ်။ သူ့ကြောင့်ပဲ ငါ့ရဲ့ အထက်ပုဂ္ဂိုလ်ကြီးနဲ့ အိပ်နိုင်သွားတာလေ"

ချင်းလောင်သည် သူ့နှုတ်ခမ်းများကို အသံမြည်အောင် လုပ်လိုက်သည်။

- ရှောင်ယဲ့ရဲ့နည်းလမ်းတွေက သိပ်မကောင်းပေမဲ့လည်း သက်လုံကတော့ ကောင်းချက်ပဲ။ အဲဒါရဲ့ ဆိုဒ်ကလည်း ရှယ်ပဲ။ သူသာကြိုးကြိုးစားစားလေ့ကျင့်မယ်ဆိုရင် သူ့ရဲ့ sex ပိုင်းဆိုင်ရာ ပျော်ရွှင်မှုက အနီးကလေးမှာပဲကွ....

System: "... အရမ်းပျော်နေတယ်ပေါ့။ ငါနာကျင်မှုအကာအကွယ်ကို ဖယ်ပေးမယ်လေ..."

ချင်းလောင် ဘာမှပြန်မပြောရသေးခင်မှာပဲ နာကျင်မှုနှင့် စပ်ဖျင်းဖျင်းဖြစ်မှုတွေက အာရုံကြောတွေအားလုံးဆီ တိုက်စားတိုး၀င်လာသည်။ သူအသက်ပြင်းပြင်းရှူလိုက်သော်လည်း ပို၍သာ နာကျင်လာသည်။

- -ဖာ့ခ်ပဲဟေ့.... အိပ်ယာပေါ်ကနေတောင် ထမရပါလား။

ချင်းလောင်သည် ကြံရာမရဖြစ်ကာ မျက်နှာကြက်မှ ပုံစံကွက်များကိုသာ စူးစိုက်စွာကြည့်ပစ်လိုက်သည်။ သူဟာ ထွက်ပြေးရန် အစီအစဉ်ချထားတာဖြစ်သည်။

သူ့ရဲ့အရင်ဇာတ်ကောင်စရိုက်အရ ယဲ့ချန်နှင့် sex လုပ်မိမှန်း သိရှိသွားပြီးနောက် စိတ်‌ထဲရှုပ်ထွေးကာ ထွက်ပြေးမှာက သေချာသလောက်ပင်။

ချင်းမိသားစုနှင့် ဖန်းမိသားစုတို့၏ ရန်ငြိုးရန်စတွေကြား ပထမဆုံးသူတွေးမိမည့်အရာက ပွင့်ပွင့်လင်းလင်း ၀န်ခံပြီး ယဲ့ချန်နှင့်အတူတူရှိရန်မဟုတ်ဘဲ သူတို့နှစ်ယောက်အတွက် ရှေ့ဆက်ရန်ဆိုတာ မဖြစ်နိုင်လောက်ဘူးဟု ခံစားရခြင်းသာ ဖြစ်ပေလိမ့်မည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now