228 41 10
(Unicode)
Chapter (13.1) သူသာနည်းနည်းလေး နောက်ကျသွားခဲ့ရင်
"ဟယ်လို... ချင်းလောင်လား..."
သူမေးလိုက်သော်လည်း ဖုန်းတစ်ဖက်မှလူက ပြန်မဖြေပေ။ ဆူညံသံတစ်ချို့ကိုကြားရပြီး ယဲ့ချန်မျက်‌မှောင်ကြုတ်လိုက်သည်။
— ချင်းလောင် သူ့ဆီ ဖုန်းခေါ်တာက မတော်တဆနှိပ်မိတာများလား။
ခဏလောက်ကြာသော် ချင်းလောင်၏ အားနည်းတိုးဖျသောအသံက တစ်ဖက်မှထွက်ပေါ်လာသည်။
"မင်း... ငါ့ကိုလွှတ်..."
"အားလောင်... မင်းကအရမ်းဆိုးတာပဲကွာ။ ဝိတ်ချပြီးနောက်ပိုင်း ရုတ်တရက်ကြီး ငါ့အပေါ်အေးစက်သွားတယ်။ ဒါပေမဲ့ မင်းရဲ့အဲဒီ့ခပ်ဆိုးဆိုး အကြည့်လေးတွေကိုမှ ငါကလည်း သဘောကျသွားတာ"
"မင်း... မင်း... ခွေးကောင်..."
"ကိုက်မထားနဲ့လေ။ မင်းရဲ့နှုတ်ခမ်းလေးတွေက သိပ်လှတဲ့ဟာ။ ကိုက်ထားရင် မလှတော့ဘဲနေမယ်။ လာပါ... အစ်ကိုယွီ မင်းကို နမ်းပါရစေဦး"
ချန်းကျစ်ယွီသည် ကုတ်တစ်ထည်တည်းကိုသာ ချွတ်ထားတာ‌ကြောင့် ကိုယ်ပေါ်မှာ ကျန်အ၀တ်တွေရှိနေသေးသည်။
ထိုစဉ်မှာ မသဲမကွဲ ညည်းညူသံတစ်သံ ထွက်ပေါ်လာသည်။
"အား... မင်းကတော်တော်ခေါင်းမာတာပဲ။ မင်းရဲ့အစ်ကိုယွီ့မေးရိုးကို နာကျင်အောင်လုပ်နေတာပဲ။ ဒီတော့ မင်းက မနမ်းချင်ဘူးပေါ့လေ။ အိုကေ... ခဏနေရင် မင်းငါ့ကို ငိုပြီးတောင်းပန်ရတော့မှာပါ။ ဒီတော့ အလျင်မလိုပါဘူး"
"မင်းကတော့ သေချင်နေတာပဲ"
ဖုန်းတစ်ဖက်မှ ရိုက်သံထွက်လာပြီး ချင်းလောင်၏လှုပ်ရှားမှုကြောင့် ဖုန်းကိုထိမိကာ ပြန်ချလိုက်သလို ဖြစ်သွားပုံပေါ်သည်။
ရုတ်တရက် ယဲ့ချန်၏အသက်ရှူနှုန်းများ ရပ်တန့်သွားပြီး ဖုန်းကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပြီးနောက် ဒရိုင်ဗာကို အော်ပြောလိုက်သည်။
"တတ်နိုင်သမျှ အမြန်ဆုံး မောင်းပေး... မြန်မြန်...."
ဒရိုင်ဘာလည်း အကြီးဆုံးသခင်လေး၏ အော်သံကြောင့် ရုတ်တရက်တုန်လှုပ်သွားကာတစ်ချိန်တည်းမှာပင် အရှိန်တင်ရန် လီဗာကိုသုံးလိုက်သည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now