189 36 7
(Unicode)
Chapter (31.1)– စောင်ထဲမှာ ပျော်ပျော်ကြီးလှိမ့်ကြမယ်ဆိုရင်ရော...
system အံ့အားသင့်သွားသည်။
"မင်းရဲ့‌‌ လောင်ကုန်းက တစ်ညတည်းနဲ့ ဒါကိုဘယ်လိုများ စဉ်းစားနိုင်ခဲ့ပါလိမ့်"
ချင်းလောင်ပြုံးလိုက်သည်။
"သူစဉ်းစားခဲ့တယ်လို့ ဘယ်သူပြောလဲ။ သူက တွေးတောင်မတွေးခဲ့ဘူး"
"ဟမ်..."
system လေး နားမလည်ပါ။
"သူမစဉ်းစားခဲ့ဘူးဆိုရင် ဘာလို့သူက မင်းအစ်ကိုနဲ့ မင်းရဲ့လက်ထောက်ရှေ့မှာ ပြောခဲ့ရတာလဲ"
ချင်းလောင်ရယ်မောသည်။
"ဒီလိုမျိုး ဘယ်သူက မပြောတတ်ဘဲ နေမှာလဲ"
System: "ဒီအတိုင်းပြောလိုက်တာလား"
"အဲဒီ့လိုရယ်တော့မဟုတ်ဘူး"
ချင်းလောင်သည် သူ့ရဲ့ဝါသနာအရ system လေးအတွက် ရှင်းပြပေးလိုက်သည်။
"တစ်ကယ်တော့... သူဒီနေ့ငါ့ကိုလာတွေ့ချိန်မှာ စိတ်လွန်ဆွဲနေတုန်းပဲ။ ဒါပေမဲ့ သူရောက်လာပြီးနောက် နူးညံ့ညင်သာတဲ့ အစ်ကိုကျင်းယွီကိုတွေ့ပြီး သူဘေးကျပ်နံကျပ်ဖြစ်နေပြီဆိုတာ ခံစားမိသွားလိမ့်မယ်။
သူသိသွားတာက ချိုမြိန်စဖွယ်အစားထိုးလေးကိုတွေ့တော့ နည်းနည်းလေးအံ့အားသင့်သွားရုံကလွဲပြီး ဘာမှသိပ်ပြီး မခံစားရဘူးဆိုတာပဲ။ သူ့နှလုံးခုန်သံမြန်နေတယ်ဆိုတာမျိုး ထင်ယောင်ထင်မှားလေးတောင် မခံစားရဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ငါ့ရဲ့၀မ်းနည်းတဲ့မျက်နှာကို မြင်ရချိန်မှာတော့ သူစိတ်မကောင်းသလိုခံစားရပြီး ငါ့အတွက်ရှင်းပြလိုက်သေးတယ်လေ။
ပြီးတော့မှ သူကငါ့အကြောင်းကို သူထင်ထားတာထက် ပိုပြီးဂရုစိုက်နေမိကြောင်း သူ့ကိုယ်သူ နားလည်သဘောပေါက်သွားတာဖြစ်နိုင်တယ်။
အဲဒီ့နောက်မှာ သူက ငါ့ရဲ့ချစ်လှစွာသော အစ်ကိုကြီးဆီကနေ ပြင်းပြင်းထန်ထန် တွန်းအားပေးခံလိုက်ရတော့ ဒီလိုစကားမျိုး သူ့ပါးစပ်ကနေ ထွက်ကျလာတော့တာပေါ့"
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora