[Unicode]
Chapter (4.2) - နှလုံးသားထဲ တဖြည်းဖြည်းချဉ်းနင်း၀င်ရောက်လာတဲ့ကောင်လေး
ဘာကြောင့်မှန်းတော့ သူမသိပါ။ သူ့စိတ်ထဲမှာတော့ ဒီလိုတည်ကြည်လေးနက်ပြီး စာလေ့လာနေတဲ့ချင်းလောင်က တစ်ကယ်တမ်း နည်းနည်းလေး ချစ်ဖို့ကောင်းနေသလိုပင်။
[ဒင်... ယဲ့ချန်၏နှစ်သက်မှု (+5) လက်ရှိနှစ်သက်မှု (-55) ]
system က မျက်နှာသေဖြင့်ပြောလာသည်။
"မင်းအရမ်းတော်တယ်"
ချင်းလောင်နှာမှုတ်လိုက်သည်။ သူ့ဘာသာ self-gong and self-shou လုပ်နေသော system ကို ဂရုမစိုက်ပါချေ။
"မနေ့ကရုံးခန်းထဲမှာ ငါချောရဲ့လား။ ငါ့အတွက် screenshot ရိုက်ထားရဲ့လား"
"ဟီးဟီး..."
system က မညှာမတာရယ်မောလာသည်။
"၁၈၀ ကတ်တီလေးတဲ့ ဖက်တီးတစ်ယောက် မျက်နှာတစ်ခြမ်းလုံး ပြာနှမ်းပြီး ခရမ်းရောင်သမ်းအောင် အထိုးခံထားရတာကိုတောင်မှ သူ့ကိုယ်သူချောမောနေဦးမယ်လို့ထင်တဲ့သူမျိုး ဒီကမ္ဘာကြီးမှာ ရှိနေသေးတာပဲ"
"......"
ချင်းလောင် မအံ့ဩဘဲမနေနိုင်ပါ။ သူနဲ့ system ကြားက အမုန်းတရားတွေက ဘယ်ကနေအရင်းခံပြီး ရောက်လာတာပါလိမ့်။
လက်ထောက် system တစ်ခုက သူ့ host ကိုမုန်းနေတယ်တဲ့လား။ ဒါက သူ၀င်လာပြီးကာစတုန်းက မတော်တဆ system ကို 'အရူးလေး'လို့ အဓိပ္ပာယ်ရတဲ့ သူ့နာမည် 250 ကို မတော်တဆခေါ်မိတာကြောင့်လား။
သူက ဟာသလုပ်လိုက်ရုံပါ။ တစ်ကယ်ပဲ system က ဟာသဘယ်လိုလုပ်ရတယ်ဆိုတာ မသိဘူးလား။
"OOC ဖြစ်တဲ့အပေါ် ဒီ project ရဲ့ လက်သင့်ခံနိုင်မှုက 10% ပါ။ ဒါပေမဲ့ ဒီကမ္ဘာတွေမှာ host က တစ်ကယ်တမ်း ဘယ်သူဘယ်ဝါဆိုတာ သူတို့ကိုအသိပေးလို့မရပါဘူး။ မဟုတ်ရင် ဒီကမ္ဘာက ပျက်သုဉ်းသွားမှာပါ"
system က စည်းမျဥ်းတွေကိုထုတ်ကာ ဖတ်ပြလာသည်။
"ငါသိပါတယ်"
သူပထမဆုံးအကြိမ်၀င်ရောက်လာကတည်းက အခြေခံစည်းမျဉ်းတွေအကြောင်း သိပြီးပြီဖြစ်သည်။
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...