(Unicode)
Chapter (37.2)-ထိခိုက်မှုကသေးသေးလေးပါဆို
နောက်တစ်နေ့တွင် အင်တာနက်ပေါ်မှ hot search သည် 'ယန်ဟန် အက်ဆီးဒန့်ဖြစ်သွားခဲ့ခြင်း' ဟူသော အကြောင်းအရာ ဖြစ်လာသည်။
ချင်းလောင် ထရပ်လိုက်သော်လည်း အလျင်မလိုပေ။ သမ်းဝေကာ အပျင်းကြောဆန့်လိုက်ပြီး ခေါင်းဦးဘေးကဖုန်းကိုယူကာ screen ကိုနှစ်ခါတောက်လိုက်သည်။
သေချာတာပေါ့။ ယန်ဟန်ဒဏ်ရာရသည့်သတင်းက အင်တာနက်ပေါ် ပျံ့နှံ့နေလေပြီ။
ချင်းလောင် 'ဟွန့်' ခနဲအသံပြုလိုက်ပြီး ယန်ဟန့်ဆီ တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။ အကြာကြီးမစောင့်လိုက်ရဘဲ အမြန်ဖုန်းကိုင်လာသည်။
တစ်ဖက်မှအသံက အခုမှအိပ်ရာနိုးသွားပုံရသည်။
"ချင်းလောင်လား..."
"......."
ချင်းလောင်သည် စိုးရိမ်စိတ်ကြောင့် ဖုန်းခေါ်ရန် သူ့ကိုယ်သူ တွန်းအားပေးခဲ့ရသော်လည်း အခုတော့ ပြန်ချပစ်ချင်လာသည်။
ဒါပေမဲ့လည်း မနေ့ညက ယန်ဟန်... သူ့ကိုယ်သူ အဆင်ပြေသည်ဟု လိမ်ခဲ့သည့်အပေါ် နည်းနည်းလေးဒေါသထွက်နေမိသည်။ ဒါကြောင့် တစ်မိနစ်လောက် အချိန်ယူလိုက်ပြီးနောက် စကားတစ်လုံးကို ဖျစ်ညှစ်ပြောလိုက်သည်။
"မင်း...."
စိတ်ကျေနပ်မှုကြောင့် ယန်ဟန့်နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်သွားပြီး ကြင်နာစွာပြောလိုက်သည်။
"ကိုယ်အဆင်ပြေပါတယ်။ ထိခိုက်မှုက သေးသေးလေးပါ။ မစိုးရိမ်ပါနဲ့"
ချင်းလောင်ပြောရင်းတန်းလန်း ရပ်သွားရပြန်ပါပြီ။ သူ့မျက်၀န်းတွေကတော့ အင်တာနက်သတင်းတွေပေါ်က ပုံတွေဆီ ရှင်းရှင်းလင်းလင်းကြီး ကျရောက်နေလေသည်။
- ဒီလို ဆိုင်းဘုတ်အကြီးကြီး လူပေါ်ပြုတ်ကျခဲ့တာကို အဆင်ပြေတယ်လို့ ပြောနိုင်သေးတယ်လား။
- စိတ်ပျက်စရာပဲ။ သူတို့ကကွာရှင်းပြီးပြီဆိုမှတော့ ဘာလို့ဂရုစိုက်ပေးနေရဦးမှာလဲ။ ပိုပြီးစိတ်ပျက်ဖို့ကောင်းတာက ငါ... သူ့ကို ဂရုစိုက်မိနေတာကိုတောင် သူကတော့ ငါ့ကို သာမန်လူလိုဆက်ဆံပြီး သာမန်ကာလျှံကာလေး အဆင်ပြေတယ်လို့ ပြောလိုက်သေးတယ်...။
ŞİMDİ OKUDUĞUN
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomantizmDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...