422 61 4
(Unicode)
Chapter (15.1) – နှလုံးသားထဲကအစိမ်းရောင်တစ်ရှူးထုပ်လေး
ချင်းလောင်သည် စကားတစ်ခွန်းမျှမပြောဘဲ ချန်းကျစ်ယွီကို နှစ်ခါပြန်ကြည့်ပြီးနောက် အဆောင်မှထွက်သွားလေသည်။ သူက ဒီတက္ကသိုလ်၀င်းနှင့် မရင်းနှီးတာကြောင့် counselor ကိုရှာတွေ့ဖို့ အချိန်တော်တော်ယူလိုက်ရသည်။
မှန်သည်။ သူက အခန်းပြောင်းပေးဖို့ တောင်းဆိုရန် သွားတာဖြစ်သည်။ အခန်းပြောင်းဖို့ အတည်ပြုပြီးနောက်မှာဝောာ့ သူ့ luggage ကို ယူရန် အဆောင်ကိုပြန်သွားခဲ့သည်။
ထိုအချိန်မှာ နေ့လည်စာစားချိန်ပင် ကျော်နေလေပြီ။
ချန်းကျစ်ယွီသည် ချင်းလောင်၏ မှန်းဆချက်များကို စိတ်မပျက်စေခဲ့ပါချေ။ အမှန်ပင် ချင်းလောင်၏ luggage ကို ဖွထားလေသည်။
သူပြန်လာပြီးနောက် ဒီလိုလုပ်ထားတာကိုမြင်ရာ အတန်းဖော်ချန်းကို ရိုက်သတ်ချင်လာသည်။ သူခြေကုန်လက်ပမ်းကျနေသော်လည်း ဒီမြင်ကွင်းက သူ့သွေးတွေကို ဆူပွက်လာစေ‌သည်။
"ဆောရီး.... ဒီဟာတွေက အခန်းဖော်အသစ်ရဲ့ဟာတွေလို့ ငါပြောခဲ့ပေမဲ့ သူတို့က မျက်စိရှုပ်တယ်လို့ ခံစားရလို့လေ..."
ချန်းကျစ်ယွီသည် အကူအညီမဲ့နေဟန်ဖြင့် မျက်မှောင်ကြုပ်ကာ ချင်းလောင်ကိုကြည့်ရင်း ဒီကိစ္စနှင့်ပတ်သတ်ပြီး အကူအညီမ‌ပေးနိုင်ကြောင်း ပြောပြသည့်ပုံစံ လုပ်နေလေသည်။
ချင်းလောင်သည် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်မိပြီးနောက် စိတ်လျှော့ကာ သူ့ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ကောက်ထည့်သည်။ အဲဒီ့နောက် သူ့ luggage ကိုဆွဲကာ ချန်းကျစ်ယွီ၏ မျက်စိရှေ့မှ ထွက်လာခဲ့သည်။
"၅၀၆..... ဟူး.... နောက်ဆုံးတော့ ရောက်ပြီ"
ချင်းလောင်သည် အဆောင်ခန်းတံခါးမှ နံပါတ်ကိုကြည့်ကာ နောက်ဆုံးတော့ သူပြောင်းရမည့်အခန်းဆီ ရောက်ပြီ‌ဖြစ်ကြောင်း သိလိုက်သည်။
ချင်းလောင်သည် အဆောင်ခန်းတံခါးကိုဖွင့်၀င်လိုက်ရာ အိပ်ရာလေးခုထဲမှတစ်ခုတွင် တစ်စုံတစ်ယောက် နေရာယူထားပြီးပြီဖြစ်ကြောင်း သိလိုက်ရသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ