(Unicode)
Chapter (22.2)–အဆိပ်သင့်နေတဲ့စာရေးဆရာ
မူလပိုင်ရှင်သည် အဓိကဇာတ်လိုက်၏အမေအတွက် ရိုးတွင်းခြင်ဆီ ကိုက်ညီမှုရှိတာကြောင့် လှူဒါန်းခဲ့ပြီး အလဲအလှယ်အဖြစ် ပြန်ရခဲ့တာကတော့ လက်ထပ်ထိမ်းမြားခြင်းဖြစ်သည်။
အဆုံးမှာတော့ gong သည် အပေးအယူကိုလက်ခံခဲ့ပြီး မူလပိုင်ရှင်နှင့်အတူ မဂ်လာခန်းမထဲသို့ ၀င်ခဲ့သည်။
စိတ်ကျေနပ်မှုမရှိသည့်တိုင် သူဟာမူလပိုင်ရှင်ကို မုန်းတီးခြင်းလည်းမရှိပါချေ။ မည်သို့ဆိုစေ သူက သူ့အမေကို ကယ်ပေးထားသည်မလား။
မဂ်လာဦးညမှာ နှစ်ဦးသားဟာ စည်းချက်ကျကျ လိုက်ဖက်ညီခဲ့ကြသော်လည်း နောက်တစ်နေ့မှာတော့ အခြေအေနေတွေက ဒရာမာဆန်ဆန် ပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ မဂ်လာဦးညမှာပဲ gong ၏ လရောင်ဖြူလေး၏ သူ့ကိုယ်သူသတ်သေခဲ့တာကြောင့်ပင်။
အဲဒီ့ကစလို့ နောက်ငါးနှစ်အတွင်း gong ဟာ မူလပိုင်ရှင်ကို ထပ်မထိတော့ပါချေ။ မူလပိုင်ရှင်အပေါ် သဘောထားကလည်း သူစိမ်းတစ်ဦးထက် အနည်းမျှပင်မပိုလာ။
မူလပိုင်ရှင်သည် ဘယ်သောအခါမှ gong ၏ နှလုံးသားထဲသို့ မ၀င်ရောက်နိုင်ခဲ့သလို လက်ခံခြင်းလည်း မရခဲ့ပါချေ။
ဒီကိစ္စကို gong ၏ အမေသိသွားတော့ မတတ်နိုင်ဘဲ နှစ်ယောက်သား အတူတူအချိန်ဖြုန်းနိုင်ဖို့ရာ အခွင့်အရေးရအောင် ကြံဖန်ပေးတတ်သည်။
သို့သော် အဆုံးမှာတော့ နှစ်ယောက်သား ကွာရှင်းခဲ့ကြလေသည်။
အကြောင်းရင်းကတော့ gong က လူသစ်လေးတစ်ယောက်အပေါ် စိတ်၀င်စားသွား၍ပင်။ သူသည် သူ၏လရောင်ဖြူလေးနှင့် ၈၀% တူသည်။
မူလပိုင်ရှင်သည် gong ၏ ဘေးမှာ အမြဲတစေ စောင့်ဆိုင်းနေတတ်ခဲ့သော်လည်း စွန့်ပစ်ခံလိုက်ရပြီးနောက် အမှောင်ဖုံးသွားခဲ့လေသည်။
သူသည် တတ်နိုင်သမျှနည်းလမ်းအားလုံးဖြင့် အစားထိုးကောင်လေးကို ဒုက္ခပေးခဲ့သော်လည်း အဲဒါတွေကပဲ gong ရဲ့ ကောင်လေးအပေါ် အချစ်တွေကို ပိုတိုးလာစေဖို့ ဖန်တီးပေးသလိုဖြစ်သွားသည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...