384 56 18
(Unicode)
Chapter (23.2)–ကြယ်ပွင့်နှင့်မတူသောကြယ်ပွင့်ငယ်
ချင်းလောင်နှင့် ယန်ဟန်တို့က တိတ်တဆိတ်လက်ထပ်ထားတာမို့ လူထုထံ ချပြမထားပေ။ ချင်းမိသားစုက မကျေနပ်ပေမဲ့ သူတို့ရဲ့ရတနာလေးကိုယ်တိုင်က ဆန္ဒရှိတာမို့ မပြောသာပေ။
သူတိူ့ဟာ ဒီလက်ထပ်သည့်ကိစ္စကို ဖုံးကွယ်ထားဖို့ပဲ တတ်နိုင်သည်။
ဒါပေါ့... ချင်းလောင်ဖုံးကွယ်ရတာက ယန်ဟန် မပျော်ရွှင်မှာစိုးတာကြောင့်ဖြစ်သည်။
တစ်ကယ်တမ်း လူထုကိုချပြပြ၊ မချပြပြ ဒီကိစ္စကို ယန်ဟန့်ဘက်က ဂရုမစိုက်ဘူးဆိုတာ သူမသိခဲ့ပါ။
ချင်းလောင်ဘက်ကသာ ယန်ဟန်ကို ကာကွယ်ပေးရမည်ဟု တုံးတုံးအအ တွေးခဲ့တာဖြစ်သည်။
ချင်းလောင်သည် ယန်ဟန်က သူ့လောင်ကုန်းဖြစ်ကြောင်း တစ်လောကလုံးကို ကြေငြာပစ်ချင်သည်။ သို့ပေမဲ့ ယန်ဟန်၏အနုပညာခရီးလမ်းကို အနှောင့်အယှက်မဖြစ်စေချင်တာကြောင့် ဖုံးကွယ်ထားဖို့ ရွေးချယ်ခဲ့တာဖြစ်သည်။
ဒီတော့ သူတို့နှစ်ဦး မြင်ကွင်းတစ်ခုတည်း အတူရပ်နေကြပါက ကောင်းမွန်သောဆက်ဆံရေးရှိသည့် သူငယ်ချင်းတွေဟုသာ ထင်ရသည်။
တစ်ကယ်တမ်း သူတို့နှစ်ယောက်က ဆက်ဆံရေးအေးစက်‌နေသည့် အိမ်ထောင်ဖက်တွေဖြစ်ကြောင်း ဘယ်သူမှ တွေးမိမှာမဟုတ်ပေ။
ချင်းလောင်သည် ယန်ဟန့် နောက်မှလိုက်သွားပြီး ထိုတစ်ခဏလေးအတွင်းမှာ တစ်ကယ့်ကိုပဲ ဒီလူရဲ့လက်ကို သွားရောက်ဆုပ်ကိုင်ချင်မိသည်။
ဒါပေမဲ့ သူတို့နှစ်ဦးကြားက အကွာအဝေးကို အမြဲတမ်း စိတ်ချရတဲ့အနေအထားတစ်ခုအထိ ခြားထားလေသည်။ အရမ်းလည်းမဝေးသလို အရမ်းလည်း မနီးပါချေ။
ချင်းလောင် သူ့နှုတ်ခမ်းကို စုဝိုင်းလိုက်သည်။ သူတို့နှစ်ယောက်၏ ရုတ်တရက်ဆန်စွာ တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာခဲ့သော စိတ်လှုပ်ရှားမှုများသည်လည်း တဖြည်းဖြည်းအနည်ထိုင်သွားလေပြီ။
မှန်သည်။ နီးကပ်စွာမြင်နေရသည့်တိုင် ထိုလူ့ကို သူဘယ်‌သောအခါမှ ဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ပါချေ။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationHikayelerin yaşadığı yer. Şimdi keşfedin