204 42 25
(Unicode)
Chapter (20.2)–ကောင်းကင်ဘုံမှသည် အအေးနန်းဆောင်ဆီ
နောက်တစ်နေ့တွင် ချင်းလောင်အစောကြီး နိုးလာခဲ့သည်။ အဲဒီ့နောက် အလုပ်သွားရန် ပြင်ဆင်နေသော ယွီဖန်းဟာ သူမ၏သားဆီက တားဆီးခံလိုက်ရသည်။
"အမေ... အလုပ်ထွက်လိုက်ပါတော့နော်"
ယွီဖန်းသည် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"လောင်လောင်... သားကောင်လေးက သားကိုထောက်ပံ့ပေးတာ ဘာညာတဲ့ကိစ္စတွေ အမေမပြောလိုဘူး။ အမေ့ကိုတော့ မရဘူးနော်။ အမေစိတ်ဆိုးမိလိမ့်မယ်"
ချင်းလောင် ခေါင်းခါပြကာ အရင်က ယဲ့ချန်ဆီ အပ်ထားခဲ့သော သူ့ကတ်ကို ပြလိုက်သည်။
"အမေ... ဒီထဲမှာ မီလီယံ၀က်ရှိတယ်။ မစိုးရိမ်ပါနဲ့။ အဲဒါက ယဲ့ချန်ရဲ့ပိုက်ဆံတွေ မဟုတ်ပါဘူး။  ပြီးခဲ့တဲ့နှစ်က ကျွန်တော်သူ့ကိုချေးခဲ့တာ။ ငွေချေးစာချုပ်တောင်ရှိသေးတယ်။ ကျွန်တော်ပြောချင်တာက ဒီပိုက်ဆံနဲ့ဆိုရင် ကျွန်တော်တို့ ခဏလောက်ဝော့ နေလို့ရပါတယ်။ အဲဒီ့ကုမ္ပဏီမှာ အမေအလုပ်လုပ်ရတာ အဆင်မပြေပေမဲ့ ကျွန်တော့်အတွက် သည်းခံပြီးလုပ်နေတယ်ဆိုတာ သိပါတယ်။ အမေ့ကို အရမ်းချစ်တယ်နော်။ ကျွန်တော်လည်း အမေ့ကို အဆင်ပြေစေချင်တာမို့လို့ သွားပြီးထွက်စာတင်လိုက်ပါ အမေရာ... နော်"
[သတိပေးချက် : ဇာတ်ကောင် OOC 8% ကျေးဇူးပြုပြီး အာရုံစိုက်ပေးပါ host ရေ]
"ကလေးရယ်...…"
ယွီဖန်းမွန်းကြပ်သွားရပြီး မျက်လုံးများရဲတက်လာသည်။ ချင်းလောင်လည်း သူမကို ပြွေဖက်လိုက်ပြီး မနေ့က သူ့ဖုန်းနှင့် ကြည့်ခဲ့သည့်အရာတစ်ခုကို ပြသလိုက်သည်။
"အမေ... ကျွန်တော် ဒါကိုကြည့်ပြီးပြီ။ ဒီကုမ္ပဏီရဲ့ အလားအလာက အရမ်းကောင်းတယ်။ သူတို့မှာ ဒီဇိုင်နာပြိုင်ပွဲကျင်းပဖို့ရှိတာမို့ အဲဒီ့ကိုသွားလိုက်ပါ။ ကျွန်ဝော့်အတွက် မစိုးရိမ်ပါနဲ့။ ကျွန်တော် ကြီးပြင်းလာပါပြီ။ အမေ့ကို တစ်လှည့်ပြန်ပြီး စောင့်ရှောက်ပါရစေနော်"
[သတိပေးချက်: ဇာတ်ကောင် OOC 10% ကျေးဇူးပြုပြီး အာရုံစိုက်ပေးပါ host ရေ]
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm Translationحيث تعيش القصص. اكتشف الآن